Ep..15..

3.4K 203 9
                                    


ပုံမှန် နေ့များအတိုင်း ရှောင်းကျန့် ကျောင်းလာသည်။
ညက အိမ်မက်လေး ကောင်းသာကြောင့်
အပြုံးများ က ဖုံးမရ ဖိမရနှင့်
ခြေလှမ်းများက တက်ကြွနေသည်။

တိုက်ဆိုင်စွာပင် ကင်မ် နဲ့ ကျောင်းပေါက်ဝ မှာ တွေ့သည်။
သစ်လွင်နေသော ကားကြီး က ခါတိုင်း စီးနေကြ
ကင်မ့်အိမ်ကတော့ ဟုတ်ဟန်မတူ။
ကင်မ့်ကို လာပို့သည့် လူကြီးကိုလည်း
ရှောင်းကျန့် မမြင်ဖူးပါ။

ကင်မ့်ရုပ်ကလည်း စူပုပ်ပုပ်နှင့်
ဘာတွေ မကျေနပ်နေလဲမသိ။
သူ့ဘေးက လူကြီးကတော့ အတော်လေးချောပြီး
ခပ်ပြုံးပြုံးနှင့်
ကျောင်းထဲ အထိပါ လိုက်ဝင်လာသည်။
ကျောင်းသားတွေ ရောထွေးနေတော့
ရှောင်းကျန့် ကိုလည်း မြင်ပုံမရ။

ကျောင်းသားမိဘတောင် အထဲမဝင်ရတာကို
အဲ့လူကြီးက ဘာလို့ လိုက်ဝင်တာလဲ ဆိုတာ
ရှောင်းကျန့် မစဥ်းစားတက်တော့ပါ။

"ဟဲ့..ဟဲ့ လာဦး သတင်းထူး သတင်းထူး
လီယွန်းနို... သေပြီတဲ့။"

ကျောင်းထဲ တောင် ခြေမချရသေး။
ဂန််းဆိုဟာ၏ အသံက ကျယ်လောင်စွာ
ပေါ်ထွက်လာသည်။

ဘာကြီး !!သူ ဘာပြောလိုက်တာ။
ကိုယ့်နားတောင် ကိုယ် မယုံနိုင်အောင် ဖြစ်သွား သည်။
လှမ်းနေသည့် ခြေလှမ်းတောင် ယိုင်မလို ဖြစ်သွားသည်။
အံ့သြ ခြင်းများနှင့်အတူ စိတ်ထဲ စိုးရိမ်တာ လိုလို၊ ကြောက်တာလိုလိုလည်း ဖြစ်သွားသည်။
ထို့ကြောင့် သေချာအောင်...

"ဟမ်...ဘာဖြစ်တာ!!!"

"ရုတ်တရတ်ကြီး!!
ဘာ..ဘာလို့လဲ သူက"

ကင်မ်လည်း သူ့နည်းတူ ပင်။
အံ့သြ ကာ စကားတွေတောင် ထစ်နေသေးသည်။

"ချာတိတ် မင်းလေး ခဏနေခဲ့ဦး။
ကိုယ်တော့ အရေးပေါ် အစည်းအဝေး လုပ်ရတော့မယ် ။"

ကင်မ်နားက လူကြီးက ကင်မ့်ကို ကြည့်၍
စကားအချို့ပြောကာ
ကျောင်းထဲသို့ ဝင်သွားတော့သည်။

ကင်မ့်ဘေးကလူကြီး အကြောင်း မေးဖို့ စိတ်ကူးထားပေမယ့် ဆိုဟာ ပြောသည့် ကိစ္စ လောက် အာရုံ မရောက်တော့ပေ။
ရှောင်းကျန့် ခေါင်းထဲ ဝမ်ရိပေါ် ပဲ တွေးမိနေသည်။
တကယ်ကြီးလား...တကယ်ကြီး
သ..သူမ ဆုံးသွား တာလား။
ဘာလို့များ ဆုံးသွား တာလဲ။
သူမ ဒီလောက် ငယ်ငယ်လေး ရှိသေးတာကို..ရိပေါ် စိတ်မကောင်း ဖြစ်နေမယ် ထင်တယ် ။
ရိပေါ် ဝမ်းနည်းနေမှာ ။

Oh my crush...Onde histórias criam vida. Descubra agora