Ep...11..

3.2K 233 3
                                    


"ငါ ကူညီ မယ် ပြောပြီးကာမှ ဟယ်။
ဘယ်လိုဖြစ်ရတာတုန်း။"

"နင် အေးဆေးနေစမ်းပါ ဟာ။
ငါ့ သူငယ်ချင်း ကို သွားပြီး မြှောက်ပေးမနေနဲ့။
ဒီကောင့် အကျင့် ကို သိရဲ့သားနဲ့ ။
အခု အတည် ဖြစ်သွားတာ နေမှာ ။"

"ဟဲ့!! ဖွဟဲ့ !!လွဲပါစေ ဖယ်ပါစေ။
နင့် ပါးစပ်ပုပ်ကြီးနဲ့ လျှောက်မပြောနဲ့ ။
ဘာကို အတည်ဖြစ်ရမှာလဲ။
ငါ ပြောပြီးသား ကျန့်ကျန့် က မှ ရိပေါ် ရဲ့ လက်တွဲဖော် ပါဆို။"

"နင်လည်း မဖြစ်နိုင်တာ တွေးပြီး ရူးနေလိုက်..။
ငါ ဘောလုံး သွားကန်တော့မယ်
ခဏနေ ရှောင်းကျန့် လာရင် ကြည့်ကြပ်ပြောထားလိုက်၊
ငါ့ သူငယ်ချင်း နား လောင်စာဆီ လုပ်မနေနဲ့ ဦး
ဂန်းစတားမ။"

"နင် ငါ့ကို အဖေလုပ်မနေနဲ့။
ငါ သိတယ် ။
ဟူးး စိတ်ညစ်ပါတယ် ငါတို့ ကျန့်ကျန့် လေး ငိုရဦးမယ် ထင်ပါ့။
ဒီ ကျက်သတုံးမကို ငါ သွားသတ်မိတော့မယ်။
သောက်ကျင့်မကောင်းတဲ့ မျက်နှာနှစ်ဖက် နဲ့ မိန်းမ ။"

ကြားရသည့်
Baking new က မဂ်လာတစ်စက်မှ မရှိ။
လီယွန်းနို နဲ့ ဝမ်ရိပေါ် က ခုထိ မပြတ်သေးဘူးတဲ့လေ။
ချဲ့ကားပြောနေကြသည့် တချို့ကြောင့်
အတည်ကြီး တွဲတော့ မည့် ပုံလိုလို ဘာလိုလိုနှင့်။
မဆီမဆိုင် ကြားထဲက ကင်မ် နဲ့ ဂန်းဆိုဟာ က
ထသတ်လို့ ရုံးခန်းရောက်တော့မည်။

"စိတ်တွေလည်း ညစ်ပါတယ်။
ဘာလို့များ လောကကြီးထဲ ဒီလို သောက်ကောင်မ က မွေးဖွားလာရတာလဲ။
ငါ့ရဲ့ အထက်တန်းကျောင်းသူ ဘဝကို ဒီတိုင်းလေး အလေလိုက်ပြီး ယဥ်ယဥ်ကျေးကျေးလေး နေလို့
မရဘူးလား။
တနေ့တနေ့ အသက်တိုတော့မယ်။ "

"ဆိုဟာ.."

"အယ် ကျန့်ကျန့် လာပြီလား။"

"အွန်း.. ကင်မ်ရော...။"

"စွာစိ က ဘောလုံးသွားကန်တယ် ကျန့်ကျန့် "

"သြော်..."

"ကျန့်ကျန့် နေမကောင်းဘူးလား။
မျက်လုံးတွေ ရဲနေတယ်။"

"ဟင့်အင်း.. ကျန့်ကျန့်..
ဟင့် လမ်းမှာ ရိပေါ် ကို တွေ့ပြီး ပြီ။"

Oh my crush...Dove le storie prendono vita. Scoprilo ora