ယုန်လေးက အပြင်ထွက်ဖို့ အခန်းတံခါးကို ဖွင့်မယ်လုပ်တော့ ဝမ်ရိပေါ်က နောက်ကနေ သိမ်းချူပ်ဖတ်ကာ
ဂုတ်သားဖြူဖြူလေး နေရာကို ကိုက်လိုက်သည်။သူ့ယုန်လေး က အရင်လို အသဲငယ် ဆဲပဲမို့..တစ်ချက်တုန်သွားကာ...
အလုပ်ရှိသေးကြောင်း အကြောင်းပြပြီး သူ့လက်ထဲက ရုန်းထွက်နေသည်။
ဝမ်ရိပေါ်ကဖတ်ထားရာကနေ မလွှတ်သေးဘဲ..."ယုန်လေး.. ကိုယ်နဲ့ တနေရာကို ခဏလိုက်ခဲ့ပါလား။
ယုန်လေးရဲ့ တန်ဖိုးအရှိဆုံး အရာလေးတစ်ခု ကျန်နေခဲ့တာ အဲ့တာလေး ပြချင်လို့ ။""ဒိုင်ယာရီ စာအုပ်လေးလား..ရိပေါ်။"
"ဟင့်အင်း.. ဒိုင်ယာရီလေး က အဲ့အရာလေးနဲ့
တွဲလိုက်မှ ပိုအသက်ဝင်တာ။"ရိပေါ် စကားကြောင့် ရှောင်းကျန့် စဥ်းစားစရာလေး ပေါ်လာသည်။
ဒိုင်ယာရီ အပြင် တခြား ဘာစာအုပ်ထဲမှ
ရှောင်းကျန့် စာမရေးပါ။
ရိပေါ် နဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား ဘာပစ္စည်းမှ လည်း သူ မသိမ်းထားမိဘူး။
ဘာလေးပါလိမ့်။
ရှောင်းကျန့်အတွက်တန်ဖိုး ရှိတယ့် ပစ္စည်းဆိုတာ
ဒိုင်ယာရီလေး ဖြစ်သည်။
ထိုထက် တန်ဖိုး ရှိတာကို ရှောင်းကျန့် မစဥ်းစားတက်တော့ပါ။
ထို့ကြောင့်.."ဘယ်ဟာလေးလဲ..ရိပေါ်
ကျန့်ကျန့် မမှတ်မိဘူး။""ကိုယ့်မှာ အဲ့အရာလေးအတွက် သီးသန့် အခန်းရှိတယ်။
သိပ်မဝေးဘူး။
ကိုယ်နဲ့ လိုက်ခဲ့မယ်မလား.."ရှောင်းကျန့် ခေါင်းလေးညိမ့်ပြကာ...
"အကြာကြီး နေလို့မရဘူးနော်..။
ကျန့်ကျန့် တို့က ညနေစောင်းရင် ပြန်ရမှာ ။""ကိုယ်နဲ့ အတူရှိနေပြီပဲ။
အိမ်ပြန်ချိန်တွေကို မေ့ထားလိုက်တော့။
ကိုယ်က မင်းကို အမြဲတမ်း စောင့်နေတယ့် အိမ်လေး။""ရိပေါ်...!"
ရှောင်းကျန့် မျက်ဝန်းလေးထဲ မျက်ရည်စလေးတွေ
ပြည့်တက်လာရသည်။
သူ တအားခံစားလွယ်တာလား မသိဘူး ရိပေါ် ဘာပြောပြောငိုချင်နေတာ။"မငိုရဘူးနော်..။
ငိုရင် ကိုယ်က နမ်းတက်တာ သိတယ်မလား ။""ဟင့်...ရိပေါ် "
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.