ကျောင်းမသွားတာလည်း ကြာပြီ ဖြစ်ပြီး
ရူးရူးမူးမူးတွေပဲ လျှောက်လုပ်မိတာ
၁ လ ကျော်ပြီ ဖြစ်သည်။တကယ်ဆို ကျောင်းထွက်စာကို သေချာစစ်သင့်တာ၊ cancel လုပ်သင့်တာ။
ဒါဆို ယုန်လေး နဲ့ သူနဲ့ ဝေးရမှာ မဟုတ်ဘူး ။အတွေးတွေ စုံအောင်လျှောက်တွေးမိပေမယ့်
ညဘက်ဆို သော့ခတ်ထားတဲ့ အိမ်လေးရှေ့ကို
ညတိုင်း ရောက်ဖြစ်သည်။
ကံကြမ္မာက ဆန်းကြယ်သား။
ဒီအိမ်လေးမှာ သူ့ယုန်လေးက နေခဲ့တာတဲ့။ပြီးတော့
ယုန်လေးက သူ့ကို ချစ်နေခဲ့တာကို
သူ လုံးဝမသိခဲ့ဘူး။
ဘယ်လောက် တုံးလိုက်သလဲ။
ဘယ်လောက် နှလုံးသား မရှိလိုက်တဲ့ ကောင်လဲ။
ယုန်လေးကို ငိုအောင် လုပ်တာ ဘယ်သူမှ မဟုတ်ဘူး ၊
သူကိုယ်တိုင်ပဲ။
ဘယ်လောက် စောက်သုံးမကျလိုက်တဲ့ ကောင်လဲ။ဒီရက်ပိုင်းမှာ ဒိုင်ယာရီလေး တစ်အုပ်ကို
တွေ့လို့သာ သိခဲ့တာ။
မဟုတ်ရင် ဒီတစ်သက် သိမယ် မထင်ဘူး ။
သူ ကိုယ်တိုင် ဆန်းစစ်မိလို့ အဖြေထွက်တဲ့ အချိန်ကျ
အချိန်တွေက နှောင်းသွားပြီ။
တကယ်ကို ဘာမှ ပြင်ဆင်လို့ မရတော့ဘူး ။သူ ယုန်လေးကို ချစ်တယ် ။
ရင်ထဲ အသည်းထဲကနေကို ချစ်တာ ။
နက်နက်ရှိုင်းရှိုင်းကို ချစ်မိတာ။
မဟုတ်ဘူး.. ချစ်နေခဲ့တာဆို ပိုမှန်မယ်။ဒါပေမယ့်.. အခု ဒီစကားတွေကို ပြောဖို့ သူ့မှာ အခွင့်အရေးမရှိတော့ဘူး။
ယုန်လေးက သူ့ကို ထားသွားပြီ။
သူနဲ့ အဝေးကို ထွက်သွား ပြီ။
သူ့ဘဝကြီး က မုန်တိုင်းဝင်မွှေထားသလို စုတ်ပြတ်သတ်နေတာပဲ။
အခု ဝမ်ရိပေါ် က ဟန်ရှင်းနဲ့ တောင် ဘဝတူသွားပြီ။လွန်ခဲ့တဲ့... ၁လ>>>>>
ခရီးဆောင်အိတ်တွေ ကို ကိုယ်တိုင်သယ်ချပေးသည့်
ဖန်ရှင်းက ဝမ်ရိပေါ်ကို မြင်တော့
မျက်စိတစ်ချက်မှိတ်ပြကာ သူ့ဘေးက ကောင်မလေးကို တစ်ချက်ရှိုးခိုင်းသည်။သြော်..ဒါက သူ့နောက်ဆုံး ပစ်မှတ်လား။
ရွက်ကြမ်းရေကြိုရုပ်၊ ဘာမှ လည်း မထူးခြားဘူး ။ဝမ်ရိပေါ်က မလှုပ်တော့ ချန်ဖန်းက တွန်းရသည်။
"ဝမ်ရိပေါ် သူက ကွင်းပိုင်ရှင်လေ အန်ဂျလာ တဲ့။"
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.