"ဟ..ဟယ်လို"
"အဟမ်း ဟယ်လို..."
ကြိုးဖုန်းလေး အခန်းယူလာပြီး မွေ့ယာပေါ် ထိုင်နေသော ရှောင်းကျန့် က ခဏနေတော့ ကင်မ့်ကို ဖုန်းခေါ်လိုက်သည်။
သူ့အသံက ငိုထားတာ သိပ်မကြာတာမို့ ခပ်အက်အက်လေး ဖြစ်နေတာ မထူးဆန်းပေမယ့်...
ကင်မ့် အသံကရော ဘာလို့ နှာသံဖြစ်နေတာလဲ ဆိုတာ သူ မစဥ်းစားတက်ပါ။"ကင်မ်...."
"အင်း"
"ငိုထားတာလား..။"
"မဟုတ်ပါဘူး.. ငါ နေမကောင်းလို့လေ
အဲ့တာ နှာသံပေါက် နေတာ။""သြော်.. ။"
"ဟူးးး ပင်ပန်းလိုက်တာ ရှောင်းကျန့်ရာ...။
ငါ တအား ပင်ပန်းတာပဲ။"တစ်ယောက်ယောက်ကို ချစ်မိနေလို့လား ကင်မ်။"
နေ့လည်က စကားကို မှတ်ထားသော ရှောင်းကျန့်က
ကင်မ့် ကို မေးလိုက်သည်။
ကင်မ် ချစ်ရမယ့်သူ တွေ့နေပြီလား ဆိုပြီး ။"အဟွန်း... မဟုတ်တာ။
နေမကောင်းလို့ နေရထိုင်ရ မသက်သာတာကို ပြောတာပါ ။""အဲ့လိုလား... နေ့လည်က ကိစ္စ စိတ်မဆိုးနဲ့နော် ။
ငါ မသိလို့ပါ ။"ရှောင်းကျန့်က ကင်မ်နဲ့ဆို မင်းနဲ့ ငါ ပြောလေ့ရှိသည်။
သို့ပေမယ့် သူ့ကျဲကျဲတွေ နဲ့ အနေများတော့ သူ့ကိုယ်သူ ကျန့်ကျန့် လို့ သုံးနှုန်းတာ များသည်။"အင်း..စိတ်မဆိုးပါဘူး ။
ငါ ခေါင်းထဲထုတ်ထားတယ်။
ဒါနဲ့ ကန်တင်းမှာ ဝမ်ရိပေါ်ကို ဘယ်လိုအင်အားနဲ့
စကားပြန်ပြောခဲ့တာလဲ။"ရှောင်းကျန့် အသက်ကိုဖြည်းဖြည်းချင်း ရှုထုတ်ပြီး...
"ငါက ယောကျာ်းပါ ကင်မ်ရ။
ကျဲကျဲတွေရယ်၊ ဆိုဟာရယ်က ကလေးလို
ဆက်ဆံပေမယ့် ငါ ရင့်ကျက်သလောက်
ရင့်ကျက်ပါပြီ။
ပြီးတော့ ရိပေါ် နဲ့ ငါနဲ့ က ဘယ်လိုမှ မဖြစ်နိုင်ဘူး
ဆိုတာ ငါ ကောင်းကောင်း နားလည်တယ် ။
သူကိုယ်တိုင် ငါ့ကို စကားလာပြောပြီး သူ့ရဲ့ သူငယ်ချင်း နေရာမှာ ထားထားတာကို
ငါ ကျေနပ်နေပြီရယ်။
ဒီထက် လောဘကြီးလို့ မကောင်းဘူးမလား ။
မဟုတ်ရင်လေ...ငါသာ ရိပေါ်ကို ချစ်နေတာ သူ
သိကြည့်၊ ဘာဖြစ်မယ် ထင်လဲ။"
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.