ရှောင်းကျန့် ညနက်မှ အိပ်ရာဝင်သောကြောင့်
မနက်ကို နောက်ကျမှ နိုးသည်။သူ ညက ရှန်ကျဲ နဲ့ video call ပြောတာ ကြာသွား
သောကြောင့် ပုံမှန် လုပ်ရမည့် တာဝန်ကလေးများ ပျက်ကွက်ခဲ့သည်။အိမ်စာရော ၊ ဒိုင်ယာရီ ရော မရေးဘဲ
အိပ်ပျော်သွားခြင်း။ဒိုင်ယာရီ ကို သတိရပေမယ့် တမင် မရေးခဲ့ခြင်း၊
တစ်မနက်လုံး ကြားသမျှ သတင်းဟာ အကောင်းတစ်ခုမှ မပါခဲ့၊
ချစ်တဲ့ စိတ် တစ်ခုထဲ နဲ့ သူ အားတင်းထားခဲ့လို့သာ။ဒီမနက် မနက်စာ စားပြီး ကျောင်းရောက်တော့...
ရှောင်းကျန့် မျက်နှာလေးဟာ တခုခုကို မျှော်နေသလို နဲ့ ဂနာမငြိမ်။
သူ ရိပေါ်ကို မတွေ့ရသေးဘူး။
ပြီးတော့ ဟိုကောင်မလေး နဲ့ လည်း
၃ ရက် ရှိပြီ... ။ ဒါဆို အတည်လို့ မှတ်လို့ ရပြီလား။
ဟင့်အင်း... ဟင့်အင်း မဖြစ်ဘူး။
ဒီနေ့ နဲ့ သာ ၄ ရက် ဖြစ်သွားရင် ကျန့်ကျန့်
ရင်တွေ ပူရလွန်းလို့ ရူးတော့မယ် ။သူမက စိတ်ထား မလှဘူးတဲ့၊
ရိပေါ် သူမ အကြောင်း ကို ဘာမှ မသိဘူးလား။
ဒါမှ မဟုတ် သူမကို ချစ်လွန်းလို့ မသိချင်ယောင်ဆောင် ထားတာလား။ကျန့်ကျန့် သွားပြောလိုက်ရမလား။
ရိပေါ် နဲ့ ဒီကောင်မလေး က မလိုက်ဖတ်ဘူး လို့။
ကျန့်ကျန့် အဲ့လိုပြောလိုက် လို့ ရိပေါ်က
မင်းနဲ့ ဘာဆိုင်လဲ လို့ ... ပြောရင်
ကျန့်ကျန့် ရှက်လွန်းလို့ သေမှာပဲ။လက်ဖျားလေးများ တစ်စတစ်စ အေးလာကာ
သက်ပြင်း လေး ချရင်း
ကျောင်းပေါက်ဝ ကို သွားရန် သာ စိတ်စောနေမိသည်။"ရှောင်းကျန့် အိမ်စာ ထပ်မယ် တဲ့ ။
ဟေ့ရောင်... !!။""ဟမ် ဟမ်"
"ငါ ပြောတာ ကြားလား။
အိမ်စာ ထပ်မယ်တဲ့ ဆရာမ က ။
နောက်တစ်ချိန် စာအုပ်လာကောက်မှာ။""သြော်..ငါ...ငါ မပြီးသေးဘူး ။"
"ဟ မပြီးသေးဘဲ မင်းက ဘာလုပ်နေတာတုန်း။"
"ငါ မနေ့က ရှန်ကျဲ နဲ့ စကားပြောရင်း အိပ်ပျော်သွားလို့။"
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.