Ep..25

3.7K 227 18
                                    

ညဉ့်နက်မှ ခရီးကနေ ပြန်ရောက်သောကြောင့်
ရှောင်းကျန့် မနက်ကို နောက်ကျမှ အိပ်ယာထသည်။

သူ့ကျဲကျဲတွေကတော့ စီစဥ် စရာ ရှိတာ
စီစဥ်နေကြသည်။

"ဒါဆို ဒီ ၁ လ ၂ လ အတွင်း
နေရာပြောင်းဖို့ ပြင်ရမှာ ။"

"ဟုတ်တယ် ကျဲလည်း အပြောင်းအရွေ့ကျတော့မှာ
ဆိုတော့ သိပ်စိတ်ပူစရာ မလိုဘူး ။"

"ဒါနဲ့ ဟွာ့အထင်လေ..
ဟွာတို့ စောင့်ကြည့်ရအောင်လားလို့...။"

"ဘာထူးခြားလာမှာမို့လို့လဲ ဟွာရဲ့။
Wang Group က သိပ်ကြီးတာ။
ပြဿနာတွေ ကလည်း သေးမှာ မဟုတ်ဘူး ။
ကျန့်ကျန့် ဘဝက အေးဆေးပြီးသား၊
သူတို့ ကြောင့် နဲ့ တော့ မပူလောင်စေချင်ဘူး။"

"ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင်တောင်
ကျန့်ကျန့်က စဥ်းစားဆုံးဖြတ်တက်တဲ့ အရွယ်လည်း မဟုတ်သေးဘူး။
အဲ့တော့ ရှောင်တာ ပိုကောင်းပါတယ်။
ဒီကြားထဲ အဲ့ကောင်လေးရော ၊
သူတို့ Group ရော နာမည်တွေ ထွက်နေတာ..."

" ဒါဆို ရှန်ကျဲကရော..ဘယ်လိုလုပ်မှာလဲ "

" ရှန်ယာက နောက် ၂ လလောက်နေရင် ဟိုကို
တိုက်ရိုက် ပြန်လာမှာ။
ကျဲတို့က အဲ့ကနေ စောင့်ရုံပဲ..။
ဒီ အိမ်လေးတော့ သော့ခတ်ထားတော့မယ်လေ "

" နောက်ပိုင်းကျမှ ပြန်လာကြတာပေါ့..
ကျန့်ကျန့် ရဲ့ ကျောင်းထွက်လက်မှတ်ကိုလည်း..
အမ်းးး ကိုယ့်ဘာကိုယ် ကြည့်လုပ်မှ ရမှာ..နော့ "

"...ဒါဆို အလုပ်တွေ လတ်စသတ်ဖို့ ပြင်တော့မယ်..
ခဏနေ ကျန့်ကျန့် နိုးလာတော့မှာ အလုပ်သွားကြစို့ "

ခဏအကြာ ရှောင်းကျန့် နိုးလာတော့ အစ်မတွေက
ရုံးသွားကြပြီ ဖြစ်သည်။
သူ့အတွက် မနက်စာလေးက စားပွဲပေါ်မှာ အဆင်သင့် ။
စားသောက်ပြီး တော့ ရှောင်းကျန့် ကျောင်းသွားဖို့ ပြင်တော့ သည်။

သူ ရိပေါ် နဲ့ မတွေ့ရတာ ၄ ရက် ရှိပြီ ။
ညဘက်တွေဆိုလည်း အိမ်မက်မက်တယ် ။
သူ တအားသတိရတယ်။
ရိပေါ် သူ့ကို စကားပြောပါဦးမလား...။

စိုးရိမ်စိတ်လေးတွေ နဲ့ ရှောင်းကျန့် ကျောင်းကိုရောက်သွားတော့သည်။

Oh my crush...Where stories live. Discover now