Ep..23

3.7K 239 19
                                    

မနက် ၄ နာရီ အချိန်...။
နှင်းစလေးတွေ ခပ်ဖွဲဖွဲကျနေပြီး ပတ်ဝန်းကျင်ဟာ အလင်းကောင်းစွာ မရသဖြင့် မှုန်မှုန်မှိုင်းမှိုင်း။
သို့ပေမယ့် တိုက်ကလေးထဲက အနွေးဓာတ်ပြည့်နေတဲ့ အခန်းလေးထဲမှာ ကျန့်ကျန့် ဆိုတဲ့ ယုန်ပေါက်လေးက ကွေးနေအောင် အိပ်လျက် ရှိသည်။

"ကျန့်ကျန့် ကျန့်ကျန့် ထတော့ထတော့"

"ဟင်"

"ကျဲကျဲတို့ ခြံစည်းရိုး စိမ်းစိမ်းလေး ရှိတဲ့ အိမ်လေးဆီသွားကြမယ်။"

"ဗျာ..။"

ရှောင်ရှောင်းကျန့်လေးဟာ မနက်အစောကြီး လာနှိုးခံရသောကြောင့် အိပ်ရေးမဝ။
တနေရာကို ခေါ်သွားမယ် ဆိုတာတော့ သူ့ နားထဲ ကြားမိသည်။

"ဟုတ်တယ် ။
အဲ့ခြံဘေးမှာ စိုက်ခင်းလေးတွေ ရှိတယ် ။
ကျန့်ကျန့် ကြိုက်တဲ့ မုန်လာဥနီ စိုက်ခင်းလည်း ရှိတယ် ။"

"ဟာ...တကယ်လား ကျဲကျဲ။"

"တကယ်ပေါ့ ကျန့်ကျန့်ရဲ့ သွားကြစို့ ။
ဟိုရောက်မှ မျက်နှာသစ်မယ်..လာ..။"

"ဟုတ် ကျဲကျဲ။"
မုန်လာဥနီ စိုက်ခင်းကို သူတအား သဘောကျတာ။
ထို့ကြောင့်
အိပ်ယာကနေ တန်းထကာ ကားပေါ် လုံးနေအောင်ပြေးတက်သွားသည်။
သိပ်မကြာခင်မှာပဲ ရှောင်းကျန့် အိပ်ပျော်သွားပြန်သည်။

ကားလေးကတော့ တငြိမ့်ငြိမ့်နှင့် မြို့ပြင်ကို မောင်းနေဆဲ ဖြစ်သည်။

...~~~....~~~

ဝမ်သူဌေးကြီး ရေသောက်ဖို့ ရေခဲသေတ္တာ ဖွင့်တော့
အမှောင်ထဲမှာ မနက်စာစားနေသည့် ဝမ်ရိပေါ်ကို မြင်သွားသည်။
ကျစ် ဒီကောင်လေးလုပ်ပုံနဲ့ ငါ နှလုံးရောဂါရတော့မှာပဲ။

"My son?? ထပ်ပြီး မင်းပဲလား။"

"ကျနော် ကျောင်းသွားမလို့...။"

ခပ်ပြတ်ပြတ်အသံနှင့် ပြောပြီး ထမင်းစားတဲ့နေရာကနေ ထလိုက်သည်။

"ဘာသွားလုပ်မှာလဲ...ဒီအချိန်ကြီး။"

"ကျနော် ရှာစရာ ရှိလို့။"

"ကောင်းပြီ ။"

ဝမ်သူဌေးကြီး က ထိုစကားတစ်ခွန်းပဲ ပြောကာ ရေဆက်သောက်နေလိုက်သည်။
သူ့သားဟာ မနေ့ကလိုတော့ သန့်ပြန့်နေခြင်း မရှိပေ။
ခေါင်းက ဆံပင်ခရမ်းတွေက စုတ်ဖွာဖွာ နှင့်၊
မျက်နှာကလည်း မှုန်တေတေ။

Oh my crush...Where stories live. Discover now