ဝမ်ရိပေါ် နဲ့ ပတ်သက်မိသူတိုင်း ဇာတ်သိမ်းမကောင်းပေမယ့် ဒီလောက်ဖြစ်လိမ့်မယ်လို့တော့
မထင်ထားကြတာမို့
အခု တော်တော်များများ လုပ်ငန်းရှင်ပိုင်းတွေ အထိနာတော့ ဝမ်ရိပေါ်ကို ရှောင်ဖို့ ဆုံးဖြတ်ထားကြသည်။သို့သော်လည်း
ဝမ်ရိပေါ်၏ ကျောက်စိမ်းစက်ကွင်းကို လွတ်မြောက်သူက မရှိသလောက်နည်းပါးသည်။
ဒီလောက်ချောပြီး ဒီလောက် စီးပွားရေးမှာ အမြင်ရှိတာကို သဘောမကျရင် သူတို့ ရူးနေလို့ ပဲ ဖြစ်လိမ့်မည်။"နောက်ဆုံးတစ်ယောက် အကြောင်းသိဖို့
မနည်းကပ်ထားရတာနော် my son.
မင်း သေချာ လုပ်မှ ရမယ် ။
ကောင်မလေးက hot တယ် ၊
မင်းနဲ့ ပက်သတ်ပြီး ထွက်ထားတဲ့ သတင်းတွေကိုတော့
လန့်နေတယ်လို့ သူ့အဒေါ်က ငါ့ကို ပြောတယ်။
ဒါပေမယ့် သူ မင်းကို နေ့တိုင်း စောင့်ကြည့်နေတာ ။""ဒီတစ်ယောက် ပြီးရင် ကျနော် ဆက်မလုပ်တော့ဘူး Dad.
ကျနော့် ခေါင်းတွေပူထူနေတာ ၊
ဘာဖြစ်လို့ ဖြစ်နေမှန်း လည်း မသိဘူး ။
အနားပေးမှ ရတော့မယ် ။""အိုခေ..Dad နားလည်တယ် ။
မင်း ဒီကိစ္စကို မြန်မြန် အပြီးသတ်နိုင်ဖို့ Dad ဆုတောင်းပါတယ်။
မဟုတ်ရင် သူ့အဒေါ်နဲ့ ငါက ယူရတော့မှာ my son။""ဟုတ်ပါပြီ ကျနော်လည်း ထပ်တူထပ်မျှ ပါပဲ။
ကောင်မလေး ရဲ့ အချက်အလက်တွေကို ကျနော့်ဆီ ပို့ပေးထားဦး ။
ဒီတစ်ပတ်ပြီးရင် ဒီကိစ္စတွေ အကုန်အပြတ်ပဲ။".... .... ..... .... ..... ....
ဆိုင်ကယ်မောင်းတဲ့ကွင်းက သူ့လို တိရိစ္ဆာန်ရောင်းတဲ့ ဆိုင်ပိုင်ရှင်နဲ့ လားလားမှ မဆိုင်။
ပြီးခဲ့တဲ့ လကုန်ကနေ အခု ဒီလ လယ်လောက်ထိ
တစ်ပတ်တခါ ၊ နှစ်ခါ ဒီကွင်းကို
အမြဲတမ်း လာနေရသည်။
မလာချင်ဘူး လည်း ပြောလို့မရ၊
သူမလာရင် ဆိုင်ကယ် တဘွန်းဘွန်းနဲ့ လိုက်ခေါ်တက်သေးသည်။
ဘုရားစူး..ဒီကောင်လေးကို ဆိုင်ကယ်လဲနေလို့ သူကူညီပေးလိုက်တာပဲ ရှိသည်။
ဒါကို ဘာလို့ သူ့ဆီ ခဏခဏလာနေတာလဲ
မစဥ်းစားတက်တော့ပါ။
ရုပ်ချောပေမယ့် ခေါင်းစိမ်း အဲ..ခေါင်းမဲကောင်လေးက အတော် ပြောရဆိုရကြပ်သည်။
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.