Ep...34

3.5K 226 13
                                    


တစ်ပတ်ရှိပြီ ။
ခြံစည်းရိုးစိမ်းစိမ်းလေးနဲ့ အိမ်လေးကို သူရောက်တာ။
မြို့ပြကို အထူးသဖြင့်
ရိပေါ်လို အဆင့်အတန်းမြင့်တဲ့
သူနဲ့ လုံးဝမမှီနိုင်တဲ့ အလွှာတွေနဲ့
အဝေးကို ထွက်ခဲ့တာ။
အမှန်တိုင်း ဝန်ခံရရင်
မခံစားနိုင်လို့ သူထွက်ပြေးလာခဲ့တာ ဖြစ်သည် ။

အခုတော့ လမိုက်ညမှာ လင်းလက်နေတဲ့
ကြယ်စင်တွေကို ရှန်ကျဲ နဲ့ သူနဲ့
ခြံထဲက မြတ်ခင်းစိမ်းလေးတွေပေါ်
ထိုင်ချရင်း ကြည့်နေကြသည်။

"ဒီည ကြယ်တွေစုံတယ်နော်..ရှန်ကျဲ။"

"အွန်း ။"

"ကျန်တဲ့ ကျဲကျဲတွေ အိပ်ကုန်ကြပြီ ထင်တယ် ။"

"ဟုတ်တယ် သူတို့လည်း အစဆိုတော့
ပင်ပန်းလို့ ထင်တယ် ။
ကျန့်ကျန့် ရော ကျောင်းတက်ရတာ ဘယ်လိုလဲ ။"

"ဟုတ် အဆင်ပြေပါတယ် ရှန်ကျဲ။"

လိမ်ညာပြီးတော့ပဲ ဖြစ်ဖြစ် သူ အဆင်ပြေတယ်လို့ပဲ ညာချင်ပါတယ်။

"အွန်း နောက်တော့ အသားကျမှာပါ။"

"ဟုတ် ။"

"ပြောစရာရှိလို့ လား ကျန့်ကျန့် ။"

"ဗျာ...!"

"ကျန့်ကျန့်ပုံက အဲ့လိုပုံ ပေါ်နေလို့..
ကျဲကို ပြောစရာရှိလို့ လား။"

"ဟုတ်.. အဲ့ အဲ့တာက!"

"ပြောပါ
ကျဲက ဘာမှ မပြောပါဘူး ။"

"ရှန်ကျဲဘဝမှာလေ လူတစ်ယောက်ကို ချစ်ဖူးလား ။"

"ဟမ်...! မချစ်ဖူးပါဘူး။"

"ဘာလို့ တန်းဖြေတာလဲဟင်
မစဥ်းစားတော့ဘူးလား ကျဲက။"

"စဥ်းစားစရာ မလိုပါဘူး ။
ဘဝကြီးထဲမှာ ကျင်လည်နေရတာပဲ။
ချစ်တာ မုန်းတာတော့ ရှိမှာပဲလေ။
ဒါပေမယ့် ဇာတ်လမ်းတွေထဲကလို အဲ့အရာတွေအပေါ် ဇောက်ချထားဖို့က မဖြစ်နိုင်ဘူး ။
တကယ့်လက်တွေ့မှာလည်း ဒါတွေက ဇာတ်လမ်းထဲကလို မချိုမြိန်ဘူးလေ။"

"ဒါဆို ကျဲက ချစ်ခဲ့ဖူးတယ်ပေါ့။"

"ဘာလို့ သိချင်တာလဲ။
ကျန့်ကျန့် တောင် စိတ်ဝင်စားတက်နေပြီပဲ။"

Oh my crush...Donde viven las historias. Descúbrelo ahora