Ep...22

3.6K 242 19
                                    

မနက် ၅ နာရီ ။
စောစောစီးစီး ဝမ်ရိပေါ် တော်တော်လေး လန်းဆန်းတက်ကြွနေသည်။
သူ ယုန်လေး နဲ့ တွေ့ရမှာ ။

"မိုးလင်းလင်းချင်း ယုန်လေး အကြောင်း
တွေးလိုက်တာ စိတ်ကို အေးချမ်းသွားတာပဲ။"

ထို့နောက် အိပ်ယာတွေ ဘာတွေ သိမ်းကာ
မျက်နှာသစ် သွားတိုက် ရေချိုး အဝတ်စားလဲပြီးနောက်
ဝမ်ရိပေါ် ထမင်းစားခန်းမှာ breakfast ကို အလောတကြီး သွပ် နေတော့သည်။

ဝမ်သူဌေးကြီးသည် မနက်တိုင်း အားကစားလုပ်သောကြောင့် ပြန်လာသည့်အချိန်တိုင်း
ထမင်းစားခန်းထဲ ရေဝင်သောက်သည် ဖြစ်ရာ..
ဒီနေ့ကြမှ ထူးထူးဆန်းဆန်း ထမင်းစားခန်းထဲ ဇွန်း၊ ခက်ရင်းသံတွေ ညံနေတော့ မျက်လုံးပြူးသွားသည်။
ထို့ကြောင့် ဝင်ကြည့်လိုက်ရာ သူ့သားတော်မောင် ဖြစ်နေတော့ ပိုတောင် မျက်လုံးပြူးသွားသည်။

"Whattt... my son?"

"yes It's me!"

"ဘာလို့ အစောကြီး မထစဖူးထနေတာလဲ my son."

ဝမ်သူဌေးကြီးက မေးလည်းမေးရင်း
ရေခဲသေတ္တာ အောက်ဆုံးမှ ရေဘူး ကို
ယူသောက်လိုက်သည်။

"ကျနော် ကျောင်းသွားမလို့။"

ဝမ်ရိပေါ် ခက်ရင်းကို ချပြီး သူ့အဖေဘက် လှည့်ကာ ခပ်တည်တည် ပဲ ပြောချလိုက်သည်။

"အဟွတ်.. အဟွတ် ဘာ..ဘာဖြစ်တာ။"

"ကျနော် ကျောင်းစောစောသွားမလို့ Dad."

ဝမ်သူဌေးကြီးက ရေစိုသွားသည့် သူ့အကျီကို သုတ်ရင်း
ဖွင့်ထားသည့် မှန်တံခါးကို မေးငေါ့ပြကာ...

"my son မင်း မျက်လုံးလေး ဘာလေး ဖွင့်ကြည့်ပါဦးကွာ။
နေတောင် မပွင့်သေးဘူး ငါ့ကောင်ရ။
ကျောင်းစောင့် သွားလုပ်မလို့လား ။"

"Dad ကလည်းဗျာ။"

"ဟာ...မဗျာနဲ့ ။
ဝီရိယတွေ အတော်ကောင်းနေပါ့လား။
ဘာလဲ စိတ်ဝင်စားစရာ လေး တွေ့ထားလို့လား။"

"မဟုတ်ပါဘူး။
ဒီတခါ ချစ်စရာ ယုန်ဖြူလေး တစ်ကောင် တွေ့ထားလို့။"

ဝမ်သူဌေးကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်
ဝမ်ရိပေါ် နဲ့ မျက်နှာချင်းဆိုင် က ခုံမှာ
ဝင်ထိုင်လိုက်သည်။

Oh my crush...Where stories live. Discover now