မနက်စာ စားဖို့ အောက်ထပ်ဆင်းလာတော့
ရိပေါ် တို့ အိမ်က
လူတွေ ရှိနေတာ ကို သတိထားမိသည်။
ရိပေါ်ကလည်း သူ့လက်ကိုကိုင်ထားတာ ဆိုတော့ ရှောင်းကျန့် လန့်သွားသလို
အနည်းငယ်လည်း ရှက်ပြီး နေရခက်သွား သည်။ရှောင်းကျန့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတော့...
ဝမ်ရိပေါ်က"ကိုယ်နဲ့ လက်တွဲရမှာ အခုလို လူနဲနဲလေးရှေ့တောင်
မဝံ့ရဲ နေရင်
လူအများကြီးရှိတဲ့ မင်္ဂလာခန်းမထဲကြ ဘယ်လိုလုပ်မလဲ ယုန်လေး ရဲ့...။""ရိပေါ် နော်...။"
"ဟွန်းး...ကိုယ်ပြောတာ မဟုတ်လို့လား ။
ဝမ်ရိပေါ် ဆိုတဲ့ ကောင်က မင်းအပိုင်ပါ ။
မင်းရဲ့ တရားဝင် ခင်ပွန်းဖြစ်ဖို့ စောင့်နေတဲ့သူ။""ရိပေါ်နော်...
အခုက ထမင်းစားမှာ..။
မင်္ဂလာဆောင်တယ် ထင်မနေနဲ့ ။""သြော်.. အဟမ်းး
သိပါတယ် ကိုယ်က သဘောကို ပြောပြတာ ပါ။"ရှောင်းကျန့်က မျက်စောင်းလေး ထိုးတော့
ဝမ်ရိပေါ်က ရအောင်
မျက်စိတစ်ဖတ်မှိတ်ပြလိုက်သေးသည်။
ထို့နောက် လှေကားပေါ်ကနေ ဆင်းကာ ထမင်းစားခန်းနားမှာ မတ်တပ်ရပ်နေကြသည့် လူများကို..."အန်တီ ကတ်သရင်း..
ဒါက ကျနော့် ချစ်သူ..
ကျနော် အကြာကြီး စောင့်ခဲ့ရတဲ့ သူလေး။
ကျနော့် ယုန်လေး ပေါ့၊ ရှောင်ရှောင်းကျန့် တဲ့..
နောက်တော့ ဝမ်ရှောင်းကျန့် ဖြစ်မှာ။
အကုန်လုံး မှတ်ထားကြပါ။
ဒါက အနည်းကျဥ်း နှုတ်ဆက်တာ။
နောက်တော့မှ တစ်နိုင်ငံလုံး သိအောင် နှုတ်ဆက်မှာပါ..။""ရိပေါ်..."
ဝမ်ရိပေါ် ရဲ့ အတည်ပေါက်နဲ့ နှုတ်ဆက်မှုအပြီး..
တစ်အိမ်လုံးက လူတွေက ပြုံးနေကြတော့..
ရှောင်းကျန့် ရှက်လွန်းလို့ အငွေ့တောင် ပျံသွားချင်သည်။
ချစ်သူ ဆိုပြီး မိတ်ဆက်ပေးတာ...ဝမ်းသာပေမယ့်
ဝမ်ရှောင်းကျန့် ဆိုတာ နဲ့ တစ်နိုင်ငံလုံးသိအောင် ဆိုတာကြီး က နည်းနည်းတော့ များသွားပြီ ထင်သည်။"အဟမ်းး ဟုတ်ပါပြီ ။
ဝမ်ရှောင်းကျန့် လေး ဘာစားချင်လဲ ၊
စားချင်တာ ရှိရင် အားမနာပါနဲ့ ။"
ESTÁS LEYENDO
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.