part 21

918 52 0
                                    

Part 21
Discovery Of Love

ရိပေါ ရှောင်ကျန့် ဖန်းဖန်း ဆိုတဲ့ အမျိုးသမီး ဖုန်းဆက်တော့ ညဘတ်ကြီးထထွက်သွားတဲ့ရှောင်ကျန်ကြောင့်စိတ်ကအဆင်မပြေခဲ့ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်ပဲ့ တစ်ပတ်တိတိ ပြန်မလာတဲ့ ရှောင့်ကျန်ကြောင့် ရင်ထဲမှာတင်းကျပ်နေအောင်ခံစားရပြန်တယ်......တကယ်ဆို ဖိုးဖိုးမင်ကိုတော့ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောသင့်တယ်မလား...အခုတော့ တည်ငြိမ်စပြုနေတဲ့ မိမိကို ပြန်ပြီး လူပ်​ေနခတ်အောင်ရှောင်ကျန့်က လုပ်သွားသလို အခုလည်း ထွက်သွား ပြန်ပြီ....ဒါကြောင့်ရေချိုးရင်းထုံးစံအတိုင်း စိတ်ဖြေဖို့ကြိုးစားပေမယ့် စိတ်တို့က အထိန်းချုပ်မဲ့စွာ ရေချိုးခန်းနံရံတွေကို လက်သီး နဲ့ထိုးလိုက် ရေချိုးခန်းထဲက ပစ္စည်းတွေ ပေါက်ခွဲလိုက် နောက်ဆုံးရေချိုးခန်းမှန်ကို ထိုးခွဲလိုက်တော့ လက်လည်းမှန်စအချို့စိုက်ဝင်သွားတယ် ဒါလည်း ရိပေါ မှန်စလေးတွေကို ပြန်ထုတ်ပြီး ဆေးတော့ထည့်ထားပေမယ့် အနာရှိန်ကြောင့်လူကဖျားလာခဲ့ပြီ....အင်းအဲ့နေ့မတိုင်ခင် တစ်ရက် အလိုထဲက ဖိုးဖိုးမင်ကလည်း ရိပေါပါးမားဆီ သွားလည်ရင်း ပါးတို့ ဆီမှာပဲ အိပ့်ဖြစ်သွားတယ် ရက်နည်းနည်း နေဦးမယ်တဲ့......

ရိပေါ မနက်ခင်းနေရောင်ခြည်ကြောင့် နိုးလာခဲ့တယ် ရှောင်ကျန်မရှိလောက်ဘူးထင်ပြီး အနောက်ကျောဘတ် လှည်ပြီးကြည်တော့ မိမိကို စိုက်ကြည်နေတဲ့ ရှောင်ကျန့်......

Xz.........သက်သာရဲ့လား.....ကိုယ်ပူကျသွားပြီလား....

ရှောင်ကျန့်ရိပေါ နဖူးကို လက်တင်စမ်းဖို့ ပြင်ပေမယ့် ရိပေါက ခေါင်းတစ်ဖက်ကို ရွေ့လိုက်တော့ ရှောင်ကျန် လက်ကလေး လေထဲမှာတင်ရပ်တန်ခဲ့တယ်.....

Xz........နေလည်းသိပ့်မကောင်းဘူးဆိုတော့ ဆန်ပြုတ်ပဲ ပြုတ်ထားပေးတယ် သောက်လိုက်နော်....ထနိုင်လား ထူးပေးရမလား....

Yb.........ရတယ် ထနိုင်တယ်....

ရှောင်ကျန်ထူပေးဖို့ ရိပေါ လက်မောင်းကို ကိုင်တော့ ရိပေါ ရှောင်ကျန်လက်ကို ဖြုတ်ချကာ ရေချိုးခန်းဘတ်ကို ထထွက်သွားလိုက်တယ်.....မျက်နှာသစ်ပြီး ထွက်အလာ ကုတင်ပေါ်မှာ နေရာတောင် မရွေ့ပဲရှိနေတဲ့ ရှောင်ကျန့်ခေါင်းကလည်းငိုက်စိုက်ကျလို....ရိပေါလည်း အဝတ်စားလဲကာ အပြင်ထွက်ဖို့ပြင်တော့....

Discovery OF love Zhanyi Zsww (Completed) Where stories live. Discover now