💙Part 1💙

672 53 12
                                    

Unicode

Jin's Pov

ဒီနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ yoongiအိမ်ကိုပြန်မလာတာ သုံးရက်ရှိပြီ yoongiကအားလုံးထဲမှာ အပျင်းအကြီးဆုံးလို့ လူတွေထင်ကြလိမ့်မယ် ဒါပေမယ့်သူဘယ်လောက်ကြိုးစားလဲဆိုတာ ကျွန်တော်တို့အသိဆုံး

အကုန်လုံးထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်တော်က ကျန်တဲ့သူတွေကို ဂရုစိုက်ရတယ် ဥပမာ သူတို့တွေအချိန်မှန် ထမင်းစားရဲ့လား နေကောင်းလား စသဖြင့် ဂရုစိုက်ပေးရတယ် မိသားစုထဲမှာကျွန်တော်က အငယ်ဆုံးဆိုပေမယ့် အဖွဲ့ထဲမှာတော့ကျွန်တော်အကြီးဆုံး

အဲ့တာကြောင့်ပဲ ကျွန်နော်သူတို့ကိုအပြည့်အဝ ဂရုစိုက်မပေးနိုင်မှာကို စိုးရိမ်တယ် အခုလည်း yoongiကိုစိုးရိမ်နေရပြန်ပြီ သူ့ရဲ့studioထဲမှာပဲ နေနေတာ အစားရောပုံမှန်စားရဲ့လား အိပ်ရောအိပ်ရဲ့လားတောင်မသိရဘူး အဲ့ဒီကောင်လေးက အလုပ်လုပ်နေပြီဆိုရင် ထမင်းမေ့ဟင်းမေ့ကိုလုပ်တာ

လူကြည့်တော့ဖြင့် အကုန်လုံးထဲမှာ သူအသေးဆုံး အသားကလည်းအဖြူဆုံး ဒီလိုဖြစ်နေတာတောင် အစားကပုံမှန်မစားဘူး အရင်တုန်းကဆို jiminကလူကောင်အသေးဆုံးပေမယ့် အခုသူကအသေးဆုံးဖြစ်နေပြီ

လူကောင်သာသေးတာ အကုန်လုံးက သူ့ကိုပဲကြောက်နေရတာ ကျွန်တော်အပါအဝင်ပေါ့ yoongiကmembersတွေကို အော်လေ့မရှိပေမယ့် သူ့ရဲ့အကြည့်တစ်ချက်နဲ့တင် အကုန်လုံးကိုပါးစပ်ပိတ်သွားနိုင်အောင်လုပ်နိုင်တယ်

အဲ့ဒါကြောင့် memberတွေကသူ့ကိုဆို စကားမပြောရဲဘူး ပြောချင်တာရှိရင် ကျွန်တော်ကိုပဲ ပြောခိုင်းတာ သူတို့ကြောက်တိုင်း ကျွန်တော်ကိုခိုင်းနေတာ ကျွန်တော်ကသူ့ထက် အသက်ကြီးတယ်ဆိုပေမယ် မဆိုသလောက်လေးပဲကြီးတာလေ ကျွန်တော်လဲကြောက်တာပေါ့

အခုလည်းကိုယ်တော်ချောလေးကို သူ့ရဲ့studioထဲကနေ ဆွဲထုတ်ရဦးမယ် ဒါပေမယ့်လည်းသွားရမှာကြောက်တယ် အဲ့တာကြောင့် အကြီးပါဝါလေးထုတ်သုံးလိုက်ဦးမယ်

Jin:"hobiရေ"
Hs:"nae hyung"
Jin:"yoongiကိုသွားခေါ်ပေးပါဦး"
Hs:"NAE!!? ဟိုဟာကျွန်တော်မအားဘူးhyung ကျွန်တော်လုပ်စရာရှိသေးလို့"
ကျွန်တော်သိတာပေါ့ အတူတူနေလာတာကြာပြီပဲ ဒီကောင်မသွားရဲလို့ လျှောက်ပြောနေတာ နေပေါ့ဒီတစ်ယောက်မရလည်း နောက်တစ်ယောက်ပေါ့

We're HereWhere stories live. Discover now