Unicode
Yoongi's POV
ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ ကျွန်တော်ဒီနေ့ အလုပ်ရှိလို့ စောထွက်လာမိတာ အခုကျွန်တော့် memberဝင်တွေက accident ဖြစ်တယ်တဲ့လား ကျွန်နော်ကားကို အမြန်ဆုံးမောင်းလာမိတယ် memberတွေရှိတဲ့ ဆေးရုံကိုရောက်တော့ ကျွန်တော်ကားကိုသေချာတောင် မရပ်နိုင်ဘဲ အလောတကြီးပြေးလာမိတယ်
ဆေးရုံထဲဝင်လိုက်ပြီး nurseမလေးတစ်ယောက်ကို memberတွေဘယ်မှာရှိလဲဆိုတာ မေးတော့ Emergency roomမှာလို့ပြောလို့ နေရာကိုမေးပြီး အမြန်ပြေးလာလိုက်တယ်
Emergency roomရှေ့ရောက်တော့ အခန်းရှေ့မှာ စောင့်နေတဲ့ manager hyungကိုတွေ့တယ် hyungက ကျွန်တော့်ကိုမြင်တော့ ကျွန်တော့်ဆီလျှောက်လာတယ်
Mn:"yoongiရောက်လာပြီလား "
Yg:"ဘယ်လိုတွေဖြစ်ကုန်တာလဲhyung"
Mn:"ကားက breakပေါက်ပြီး အရှိန်မထိန်းနိုင်တာနဲ့ accident ဖြစ်တာလို့ပြောတာပဲ"
Yg:"သူတို့အခြေအနေရော ဘာတဲ့လဲဟင်"
Mn:"မသိသေးဘူး စိုးရိမ်ရတယ်တဲ့"
ကျွန်တော်ထိုင်ခုံမှာ ထိုင်ချလိုက်တယ် တစ်ခြားသူတွေဆိုရင် သူတို့ချစ်ရတဲ့သူတွေ ဒီလိုအခြေအနေမျိုးရောက်ရင် မျက်ရည်ကျကြတယ် ဒါပေမယ့် ကျွန်တော်မျက်ရည်မကျခဲ့ဘူး သူတို့ကိုစိတ်မပူလို့ မဟုတ်ပါဘူး
စိတ်ပူလွန်းလို့ မျက်ရည်ကျဖို့ မေ့သွားခဲ့တာပါ
ကျွန်တော်ထိုင်ခုံမှာပဲ သာမန်လူတစ်ယောက်လိုထိုင်နေမိတယ် ကျွန်တော့်မျက်နှာပေါ်မှာ သူတို့ကိုစိတ်ပူတဲ့ အရိပ်အယောင်တောင် တွေ့မှာမဟုတ်ဘူး
ဒါပေမယ့်ကျွန်တော့်ရင်တွေ ဘယ်လောက်ပူလောင်နေလဲ ခင်ဗျားတို့မသိနိုင်ပါဘူး အပြင်ပန်းကသာတည်ငြိမ်နေပေမယ့် ကျွန်တော်ရင်တွေ ဗလောင်ဆူနေတယ်ဆို ဘယ်သူမှမမြင်နိုင်ပါဘူး
ဒီအချိန် ER roomထဲကနေ ဆရာဝန်တစ်ယောက်ထွက်လာတယ် Manager hyungကတော့ ဆရာဝန်နားကို အပြေးသွားပြီး အခြေအနေတွေမေးနေပေမယ့် ကျွန်တော်ကတော့ ထိုင်နေရာကနေ တစ်ချက်မှတောင်မရွေ့ဘူး
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...