💙Part 11💙

436 52 11
                                    

Unicode

Y/N's POV

Jung Nabiရဲ့အိမ်ကနေ ကားဂိတ်ကို အမြန်ဆုံးရောက်အောင်လာပြီးတော့ ရတဲ့ကားနဲ့ အစ်ကိုတို့ဆီသွားဖို့ အမြန်လုပ်ရတယ် ဟိုလူကသူ့ကားနဲ့ဆိုတော့ ကျွန်မထက်အရင်ရောက်မှာ အသေအချာပဲ ဒါပေမယ့်အမြန်သွားရမှာပဲ

ကားပေါ်ရောက်တော့ ခုနကလူအကြောင်း စဥ်းစားနေမိတယ် အဲ့ဒီလူက တစ်ခြားသူမဟုတ် အစ်ကိုတို့ရဲ့ Managerပင် အစ်ကိုတို့နဲ့အမြဲတွဲပြီးတွေ့နေရတာကြောင့် အစ်ကိုတို့ရဲ့ Manager ဆိုတာ သေချာပေါက်ပင် လူတစ်ယောက်ကို မြင်ဖူးရင်မှတ်မိတတ်တဲ့ ကျွန်မက ဒီလူကိုလုံးဝမမှားနိုင်ဘူး အထူးသဖြင့် အစ်ကိုတို့နဲ့ ပတ်သတ်နေတဲ့သူမို့လို့ လုံးဝကိုမှတ်မိတယ်

ဘာလို့များဒီလိုလုပ်ရတာလဲ အစ်ကိုတို့အပေါ် ဘာများ မကျေနပ်တာရှိလို့လဲ ကိုယ့်အပေါ်ကို ယုံကြည်လေးစားခဲ့တဲ့သူတွေအပေါ်မှ ဘာလို့ဒီလိုလုပ်ရက်ရတာလဲ

အစ်ကိုတို့ဆီ အမြန်ရောက်ဖို့ကိုပဲ ရှိသမျှဘုရားတွေမှာ ဆုတောင်းနေမိတယ် ဘာလို့ဒီနေ့ကျမှ အချိန်တွေက အရမ်းကိုနှေးနေရတာလဲ

အဆင်ပြေသွားမှာပါ ဘာမှဆိုးဆိုးရွားရွားမဖြစ်လောက်ပါဘူး ဟုတ်တယ်မလား ဘာမှမဖြစ်လောက်ပါဘူး အစ်ကိုတို့ဆီ အချိန်မှန်ရောက်သွားမှာပါ ဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Yoongi's POV

မနေ့က အဖြစ်မှန်အားလုံးသိပြီးသွားပြီမို့ အခုGreyနဲ့လည်း အဆင်ပြေနေပါပြီ အခုတော့ Hyungတို့ကို ကူညီဖို့အတွက်နည်းလမ်းရှာဖို့ ကျွန်တော်နဲ့ Greyနှစ်ယောက်သား ခေါင်းချင်းဆိုင်နေရပါတယ် ဒါပေမယ့်လည်းတစ်ချက်တစ်ချက် ကျောမလုံသလိုခံစားရတာကြောင့် အနောက်ကိုလှည့်လှည့်ကြည့်နေရတာ ခေါင်းတောင်ညောင်းလာပြီ ကျွန်တော့်ကိုများစိုက်ကြည့်နေကြတာလား ဘာလို့များအဲ့လောက်တောင် ကြည့်နေရတာလဲ

Yg:"ဒါဆိုနည်းလမ်းက Jung Nabiကို လုပ်ထားတဲ့အစီအရင်တွေကို ဖျက်ခိုင်းမှပဲ ရမှာပေါ့"

Grey:"အင်း ဟုတ်တယ်"

Yg:" ဒါပေမယ့်ငါကသူဘယ်မှာနေလဲမှမသိတာ ခင်ဗျားရောသိလား"

We're HereWhere stories live. Discover now