💙Part 7💙

462 54 10
                                    

Unicode

Yoongi's POV

ကျွန်တော်jin hyungတို့အတွက် ထမင်းပန်းကန်သွားပို့ဖို့ အခန်းတံခါးဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေတဲ့ jin hyungကို တွေ့လိုက်ရတာကြောင့် အရမ်းလန့်သွားလို့ လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တွေကြမ်းပြင်ပေါ်ကို လွတ်ကျကုန်တယ်

"ခွမ်း!!"

Yg:"J..Jin...Jin hyung!!"

ကျွန်တော်ခေါ်လိုက်တော့ ကျွန်တော့်ကိုကြောင်ပြီးကြည့်လာတဲ့ jin hyung
ကျွန်တော်jin hyungနားကို အလျင်အမြန်ပြေးသွားလိုက်တယ်

Yg:"H.hy..hyung သတိရလာပြီ ဘယ်...ဘယ်လိုနေသေးလဲဟင် သ..သက်သာလား"

ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားလွန်းလို့ အသံတွေပင်တုန်နေပြီ

Jin:"အင်း"

Yg:"ကျွန်တော် Doctor သ..သွားခေါ်လိုက်ဦးမယ်နော်"

ကျွန်တော်အခန်းထဲက ထွက်လာပြီး Manager hyungကိုဖုန်းဆက်ခေါ်လိုက်တယ်

Yg:"He..hello hyung jin hyung သတိရလာပြီ "

Mn:"ဟမ်!! hyungအခုdoctorကို ခေါ်ပြီးလာခဲ့မယ်နော် ခဏစောင့်နေနော်yoongi"

Yg:"nae"

ကျွန်တော်လည်းဖုန်းချလိုက်ပြီး jin hyungအခန်းထဲ ပြန်ဝင်လာလိုက်တယ် အခန်းဝမှာပြန့်ကျဲနေတဲ့ ပန်းကန်တွေကြောင့် အရင်သိမ်းဖို့ပြင်လိုက်တယ် အခန်းထဲကိုလှမ်းကြည့်လိုက်တော့ ကုတင်ပေါ်မှာထိုင်နေသေးတဲ့ jin hyung

Yg:"hyungခဏလေးနော် ကျွန်တော်ဒါတွေသိမ်းလိုက်ဦးမယ်နော်"

Jin:"အင်း"

ထူးဆန်းတယ် jin hyungကအခုထိ အင်းတစ်လုံးကလွဲပြီးဘာမှမပြောသေးဘူး ငါကလည်းအတွေးလွန်နေလိုက်တာ jin hyungက အခုမှသတိရလာတာလေ နေရာနဲ့စိမ်းနေမှာပေါ့ အခုအိမ်ကလည်း အရင်အိမ်မှမဟုတ်တာ

Jin hyungကိုကြည့်လိုက်တော့ အခန်းထဲကို လှည့်ကြည့်နေတာကြောင့်

Yg:"ဒါအိမ်အသစ်လေ hyungရဲ့ hyungတို့ဆေးရုံက ဆင်းလာကတည်းက ဒီအိမ်ကိုပြောင်းလာတာhyung"

Jin:"အော်"

Yg:"ကျွန်တော်ဒါလေးတွေ မီးဖိုချောင်ထဲ သွားထားလိုက်ဦးမယ်နော် hyung"

We're HereWhere stories live. Discover now