💙Part 8💙

437 48 6
                                    

Unicode

Y/N's POV

အဘွားဆီသွားရမှာမို့ မနက်စောစောထပြီး ပြင်ဆင်နေရတယ် အားလုံးပြင်ဆင်ပြီးသွားတော့ အခန်းထဲကနေ အဝတ်ထုပ်လေးကိုင်ပြီး ထွက်လာလိုက်တယ် ကျွန်မတို့အိမ်က သိပ်မကျယ်ပေမယ့် လူသုံးယောက်လောက်တော့ ကောင်းကောင်းနေလို့ရပါတယ်

ဧည့်ခန်းနဲ့မီးဖိုချောင်နဲ့က ဆက်ထားပြီး ဧည့်ခန်းရဲ့ ညာဘက်မှာ ကျွန်မနဲ့မောင်လေးရဲ့အခန်းရှိတယ် ဧည့်ခန်းရဲ့ ဘယ်ဘက်မှာဆိုရင် အမေ့ရဲ့အခန်းရှိတယ်

ကျွန်မရဲ့အခန်းက မီးဖိုချောင်နဲ့နီးတာမို့ အခန်းထဲကထွက်တာနဲ့ မီးဖိုချောင်ကို တန်းမြင်ရတယ် မီးဖိုချောင်ထဲမှာ ကျွန်မတို့အတွက် မနက်စာချက်နေတဲ့အမေ့အနားမှာ မောင်လက ဝိုင်းကူနေတယ် မဟုတ်ဘူး လိုက်ရှုပ်နေတာဆိုပိုမှန်မယ်

အမေကကျွန်မကိုမြင်တော့

Mom:"နိုးပြီလားသမီး လာ မနက်စာလာစား"

Y/N:"ဟုတ်အမေ"

ကျွန်မလည်း မောင်လေးအနားမှာဝင်ထိုင်လိုက်တယ်

( မောင်လေးနာမည်က Song Minseokပါ စိတ်ထဲရှိတဲ့နာမည်ရေးလိုက်တာပါ တိုက်ဆိုင်သွားရင် နားလည်ပေးကြပါနော်)

Ms:"အထုပ်ကြီးတွေနဲ့ Nonnaကဘယ်သွားမလို့လဲ"

Y/N:"အဘွားဆီ သွားမလို့"

Ms:"ဟမ် ကျွန်တော်ကရော ကျွန်တော်လဲလိုက်ချင်တယ်လေ"

Y/N:"နောက်တစ်ခေါက်သွားတော့မှလိုက်လေ အခုNoonaက အကုန်ပြင်ဆင်သွားပြီးပြီလေ"

Ms:"ဟွန့် မတရားဘူး ကျွန်တော်လည်း အဘွားနဲ့တွေ့ချင်တာပေါ့"

ဟုတ်တာပေါ့ မောင်လေးက အဘွားအိမ်ကနေထွက်လာတုန်းက ငယ်ငယ်လေးပဲရှိသေးတာကို အဘွားကိုဘယ်မှတ်မိပါ့မလဲ

Mom:"နောက်တစ်ခါကျမှ တူတူသွားမယ်လေ သားငယ်ရယ် "

Ms:"ပြီးရော"

အမေပြောတော့မှ လက်ခံသွားတဲ့ ကောင်စုတ်လေး အစ်မပြောတာကျ နားမထောင်ဘူး တော်တော်လိမ္မာတဲ့ မောင်လေး

Y/N:"ဒါဆိုသမီးသွားတော့အမေ "

Mom:"အေးအေး ဂရုစိုက်သွားနော် သမီး"

We're HereWhere stories live. Discover now