💙Part 15💙

663 43 18
                                    

Unicode

Y/N's POV

ကျွန်မနည်းလမ်းကို ရအောင်ရှာခဲ့တယ် အထက်လမ်း အောက်လမ်း ရှိသမျှနည်းလမ်းတွေသုံးပြီး အစ်ကိုYoongiကိုကယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရလဒ်က မရှိဘူးဆိုတာပဲ ရတယ်

ဖွားကလည်း နည်းလမ်းရအောင် ရှာပေးမယ်လို့ ပြောပေမယ့် အချိန်မလောက်မှာကို စိုးရိမ်တယ် အရင်တစ်ခါသွားတွေ့တုန်းကတောင် အစ်ကိုက ဖြူဖြူဖျော့ဖျော့လေးပဲ ရှိတော့တယ် ကျွန်မသွားတွေ့တိုင်းလည်း အိပ်မက်တွေမက်ကြောင်းကိုလည်း ကျွန်မကိုပြောပြတယ်

ပြီးတော့ သူမသွားချင်သေးကြောင်းပြောပြီး မျက်ရည်တွေကျနေတတ်တဲ့ အစ်ကို့ကိုကြည့်ရတာ ကျွန်မရင်တွေနာရတယ် အမြဲတမ်းသန်သန်မာမာနေတတ်တဲ့ အစ်ကို့ကို ဒီလိုပုံမျိုးမြင်ရတာ ကျွန်မအပြစ်မကင်းသလို ခံစားရတယ်

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲအစ်ကိုရယ် ညီမမှာနည်းလမ်းမရှိတော့ဘူး

Xiaozhanနဲ့ Yiboကတော့ သူတို့ရဲ့ ကိစ္စတွေပြီးပြတ်သွားတာကြောင့် ဒီလောက်ကနေ ကျွတ်သွားခဲ့ပြီ သူတို့အတွက်က ပျော်ရွှင်စရာဇာတ်သိမ်းလေး ဖြစ်ခဲ့ပေမယ့် အစ်ကိုတို့ကရော ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်သိမ်းနိုင်ပါ့မလား

ဒီနေ့လည်း အစ်ကိုYoongiကို တွေ့ဖို့လာခဲ့တာ တစ်ဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတဲ့ အစ်ကို့ကို မကြည့်ရက်ပေမယ့် ညီမမတွေ့ပဲနဲ့လည်း မနေနိုင်ဘူး ဒီရင်ဘတ်ကြီးက နာကျင်ရမှန်းလည်းသိတယ် အစ်ကို့ကိုမြင်လိုက်တိုင်း မျက်ရည်တွေ ထိန်းမရတော့တာကိုလည်း သိတယ်

သိပေမယ့် တစ်ယောင်တည်းကြိတ်ခံစားနေရမယ့် အစ်ကို့ကို ညီမဘယ်လိုလုပ် တစ်ယောက်တည်းထားနိုင်မလဲ ရင်ဖွင့်စရာဆိုလို့ ညီမပဲရှိတာ ညီမနာကျင်ရပေမယ့် အစ်ကို့ကို လျစ်လျူမရှုနိုင်ဘူး

အစ်ကိုတို့အိမ်ရှေ့ကိုရောက်တော့ အိမ်ထဲကိုဝင်ဖို့ အားယူနေမိတယ် မပြီးဆုံးနိုင်တဲ့ ဟန်ဆောင်မှုတွေနဲ့ ညီမမျက်နှာပေါ်မှာ အပြုံးတစ်ခုကို မနည်းလုပ်ယူနေရတယ် အိမ်ရှေ့မှာရပ်နေတုန်း ဘေးနားမှာကားတစ်စီးထိုးရပ်လာတာကြောင့် လှည့်ကြည့်လိုက်တော့ Bang PDဖြစ်နေတယ်

We're HereWhere stories live. Discover now