Unicode
Yoongi's POV
Jin hyungက သတိရလာပြီးနောက်ပိုင်း ပြောင်းလဲလာတယ် အရင်ကဆို memberတွေ နေမကောင်းတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အမြဲတမ်းစိတ်ပူပြီး memberတွေအနားကနေ တစ်ဖဝါးမှမခွာဘဲ လိုက်ပြီးဂရုစိုက်နေကျ အခုတော့ memberတွေက comaဝင်သွားတာတောင် ဘာမှဖြစ်ဟန်မတူ စိတ်ပူဟန်တော်မရှိဘူး ကုန်ကုန်ပြောရရင် ဂရုကိုမစိုက်တဲ့ပုံပဲ
ဟင်းမချက်ရရင် မနေနိုင်တဲ့ Jin hyungက အခုမီးဖိုချောင်ထဲကို ယောင်လို့တောင်မဝင် အမြဲတမ်းစကားများတဲ့ hyungက အခုတစ်နေ့လုံးနေမှ စကားကို သုံးလေးခွန်းလောက်ပဲ ပြောတယ် အမြဲတမ်းကျွန်တော့်ကို စနောက်တတ်တဲ့ hyungက အခုတော့အရမ်းကိုတည်ငြိမ်နေတယ်
ပန်းရောင်ကြိုက်တဲ့ hyungက ပန်းရောင်ကိုမြင်ရင် မကြိုက်ဘူးဆိုပြီး ပန်းရောင်နဲ့ပတ်သတ်တာတွေ အကုန်လွှတ်ပစ်တယ် ကျွန်တော့်ကို အမြဲနားလည်ပေးတဲ့hyungက တစ်ခုခုဆိုတာနဲ့ ဒေါသအလွယ်တကူထွက်တတ်လာတယ် hyungက အရင်နဲ့လုံးဝမတူတော့တာအမှန် တစ်ခြားတစ်ယောက်ဖြစ်သွားသလိုပဲ
အခုလည်းသူစားချင်တာကို ကျွန်တော်ချက်ဖို့ပြင်နေရတယ် သူပြောတဲ့ပုံစံအတိုင်းချက်ပေမယ့် သူလိုချင်တာကိုမရတဲ့ hyungက ဒေါသထွက်လာတယ်ထင်တယ်
Grey:"MIN YOONGI!!!! ငါဒါတွေမကြိုက်ဘူးလို့ မင်းကိုဘယ်နှခါပြောရမလဲ!! ငါစားချင်တာ ဒါတွေမဟုတ်ဘူးလို့!"
အခု Jin hyungက ကျွန်တော့်ကိုအော်လိုက်တာလား တစ်ခါမှ မအော်ဖူးတဲ့hyungကလေ အော်ဖို့နေနေသာသာ လေသံတောင်မမာဖူးတဲ့hyungကလေ ကျွန်တော့်ကို အော်လိုက်တာလား အော်တဲ့အပြင်ကို စားပွဲပေါ်က ပန်းကန်တွေကို အကုန်ပစ်ခွဲလိုက်တယ်
ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ ပန်ကန်တွေကို ကျွန်တော်အလန့်တကြား ကြည့်နေမိတယ် ကြောက်ဖို့ကောင်းတယ် hyungကအရမ်းကို ကြောက်ဖို့ကောင်းတယ် ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေသည်အထိပဲ
Grey:"ငါလိုချင်တာ ဒါတွေမဟုတ်ဘူး! မင်းကိုအသေအချာပြောပြ ထားတာတောင် မလုပ်တတ်ဘူးလား! ဒါလေတောင်အသုံးမကျဘူးလား!!"
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...