💙Part 3💙

510 64 10
                                    

Unicode

Hoseok's POV

ကျွန်တော်တို့ dance practice ရှိလို့အိမ်ကနေထွက်လာခဲ့ကြတယ် လမ်းတစ်ဝက်လောက်မှာ ကားကbreakမမိလို့ accident ဖြစ်သွားခဲ့တယ် ကျွန်တော်လည်း အဲ့နောက်ပိုင်း ဘာမှမသိတော့ဘဲ အမြင်အာရုံက အမှောင်ကျသွားတယ်

ကျွန်တော့်မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက လုံးဝကိုမယုံကြည်နိုင်စရာ ကောင်းတယ် ကျွန်တော်မြင်လိုက်ရတာက ကျွန်တော့်ရှေ့မှာ ပျက်စီးနေတဲ့ကားတစီး အတိအကျပြောရမယ်ဆိုရင် ကျွန်တော်တို့စီးလာတဲ့ကား

ဒီ့ထက်ပိုထူးဆန်းတာက ကားထဲမှာလဲနေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တွေ့လိုက်ရတယ် ဘာတွေဖြစ်နေမှန်းမသိတော့အောင် ကျွန်တော့်ခေါင်းတွေ ရှုပ်ထွေးသွားတယ် ကျွန်တေ့ရဲ့အရှေ့က မြင်ကွင်းကို ကျွန်တော်တုန်လှုပ်စွာနဲ့ ရပ်ကြည့်နေမိတယ် ဒီအချိန်ကျွန်တော်ကြားလိုက်ရတဲ့ အသံတစ်ခု

Jin:"hobi"

ကျွန်တော်လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကိုခေါ်နေတဲ့ jin hyung
jin hyungရဲ့ဘေးမှာ ကျန်တဲ့လေးယောက် သူတို့လည်းကျွန်တော့်လိုပဲ အံ့ဩနေကြတယ်

ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာနဲ့ကြည့်နေတုန်းမှာပဲ ကျွန်တော့်ရဲခန္ဓာကိုယ်ကို တစ်စုံတစ်ခုက ဖောက်ထွင်းသွာသလို ခံစားလိုက်ရတယ်
ဆေးအကူအဖွဲ့က ကောင်လေးတစ်ယောက်က ကျွန်တော့်ရဲ့ခန္ဓာကိုယ် ဖြတ်ပြေးသွားတာ

ကျွန်တော့်ကိုဖြတ်ပြေးသွားတဲ့ ကောင်လေးကို ကျွန်တော်အံ့ဩစွာနဲ့ ကြည့်လိုက်မိတယ် ကြည့်နေရင်းနဲ့ အဲ့ဒီကောင်လေးက ကားထဲကလူတစ်ယောက်ကို ဆွဲထုတ်လာတယ် ဆွဲထုတ်လာတဲ့သူက ကျွန်တော်ဖြစ်နေတယ်

ကျွန်တော်တို့ခြောက်ယောက်လုံးကို အရေးပေါ်အသက်ကယ်ပေးနေကြတဲ့ လူတွေ
ကျွန်တော်တို့ရပ်နေတာကို ဘယ်သူမှသတိမထားမိကြဘူး မဟုတ်ဘူး မမြင်ကြတာဆိုပိုမှန်မယ်

ကျွန်တော့်အနားကိုရောက်လာတဲ့ jin hyungတို့

Jin:"ငါတို့ဘာဖြစ်သွားတာလဲ သူတို့ကဘာလို့ ငါတို့ကို မမြင်ရတာလဲ"

We're HereWhere stories live. Discover now