Unicode
Y/N's POV
ကျွန်မကထူးဆန်းတဲ့လူတစ်ယောက် ကျွန်မတို့မိသားစုက နတ်ဆရာမိသားစုလို့ပြောလို့ရတယ် ကျွန်မအဘွားက နာမည်ကြီး နတ်ဆရာမတစ်ယောက်ဖြစ်ခဲ့တယ် အဘွားကအကြားအမြင်ရတယ်ဆိုပေမယ့် ဝိညာဥ်တွေကိုမမြင်နိုင်ဘူး
ဒါပေမယ့်အဘွားက ဝိညာဥ်တွေပြောတာကို ကြားနိုင်တယ် အဘွားကသူ့ကို အကူအညီလာတောင်းတဲ့ အသံတွေကိုကြားနိုင်တယ် အဲ့ဒီအသံတွေနဲ့ပဲ အဘွားကလူတွေကို ကူညီခဲ့တယ်
အမေ့တုန်းကကျတော့ အဘွားလိုမျိုး အသံတွေလည်းမကြားနိုင်သလို ဝိညာဥ်တွေကိုလည်းမမြင်နိုင်ပေမယ့် အမေက သူ့ဝိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲက ထွက်ပြီး တစ်ဖက်ကမ္ဘာဖြစ်တဲ့ မကောင်းဆိုးဝါးတွေ ဝိညာဥ်တွေရှိတဲ့ အမှောင်ဘက်ခြမ်းကို သွားနိုင်တယ်
ဒါကအရမ်းကို အန္တရာယ်များလွန်းတာမို့ အမေကအဘွားလိုမျိုး နတ်ဆရာမ မလုပ်ခဲ့ဘူး သာမန်လူသားတစ်ယောက်အနေနဲ့ပဲ နေခဲ့တယ်
ကျွန်မကိုမွေးလာတော့ ကျွန်မက အမေနဲ့တူတဲ့ စွမ်းအားမျိုးမရခဲ့ပေမယ့် အဘွားနဲ့တူခဲ့တယ် ဒါပေမယ့် အဘွားလိုမျိုး အသံတွေပဲကြားနိုင်တာမဟုတ်ဘဲ ဝိညာဥ်တွေကိုပါ မြင်နိုင်ခဲ့တယ်
ဒါကိုအဘွားသိတော့ အဘွားက ကျွန်မကိုအဘွားလိုမျို့ နတ်ဆရာမလုပ်ဖို့ တိုက်တွန်းခဲ့တယ် ဒါပေမယ့်ဒီအလုပ်မျိုးက တစ်ခြားလောကသားတွေနဲ့ ဆက်သွယ်ရတဲ့အလုပ်မို့ အရမ်းအန္တရာယ်များလွန်းတာကြောင့် အမေကကျွန်မကိုမလုပ်ဖို့တားခဲ့တယ်
ကျွန်မမှာမောင်လေးတစ်ယောက်ရှိတယ် မောင်လေးကကျွန်မလို စွမ်းအားမရှိခဲ့ဘဲ သာမန်ကောင်လေးတစ်ယောက်ဖြစ်ခဲ့တယ်
အမေနဲ့အဘွားနဲ့ ပြဿနာတွေ တက်ခဲ့ပြီး အမေကအဘွားနဲ့မနေတော့ဘဲ ကျွန်မနဲ့မောင်လေးကိုခေါ်ပြီး ထွက်လာခဲ့တယ် အဖေကတော့ ကျွန်မငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ပြီမို့ ကျွန်မတို့မောင်နှမနှစ်ယောက်ကို အမေကပဲရှာကျွေးခဲ့တယ်
ကျွန်မကထူးဆန်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကျွန်မကိုဘယ်သူကမှ အပေါင်းအသင်းမလုပ်ချင်ကြဘူး ကျွန်မမှာသူငယ်ချင်းမရှိဘူး ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မနားမှာရှိတဲ့ ဝိညာဥ်တွေပဲ
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...