Unicode
Manager's POV
ကျွန်တော်ဒီလိုမျိုးဖြစ်လာဖို့ကို မရည်ရွယ်ခဲ့ပါဘူး ဒါတွေက ကျွန်တော်ကနေပဲစခဲ့တာ ကျွန်တော်သာ လောဘမတက်ခဲ့ဘူးဆိုရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ပါဘူး
တစ်ခဏတာ စိတ်ရဲ့စေရာကြောင့် ကျွန်တော်လောင်းကစားလုပ်မိခဲ့တယ် အစပိုင်းမှာတော့ ပိုက်ဆံတွေအများကြီးရပြီး အကြီးကြီးနိုင်နေခဲ့တယ် လောင်းကစားဆိုတာမျိုးက တစ်ခါအစပျိုးပြီးသွားပြီဆိုရင် ဖျက်ပစ်ဖို့ခက်တဲ့ အရာမျိုးဆိုတာ သိပ်မှန်တယ်
အစတုန်းကနိုင်ခဲ့ပေမယ့် နောက်ပိုင်းတွေမှာ အရှုံးကြီးရှုံးလာခဲ့တယ် အကြွေးတွေတင်လာခဲ့တယ် ရှိသမျှအတွင်းပစ္စည်းတွေရော အိမ်ရောကားရော ပေါင်လိုက်ရတဲ့အထိ ဖြစ်ခဲ့တယ် အကြွေးတွေတင်ပြီး ပြန်ပေးစရာမရှိတောင် မရှိတော့တဲ့အထိပဲ ဒါတွေကိုတော့ Bang PD Nimလည်းမသိသလို ကောင်လေးတွေလည်းမသိခဲ့ဘူး ကျွန်တော်မပြောပြရဲခဲ့ဘူး
မိသားစုကိုလည်း မထောက်ပံ့နိုင်ခဲ့တဲ့အပြင် အကြွေးရှင်တွေဆီကနေပါ ထွက်ပြေးနေရတယ် ကျွန်တော်သည်းမခံနိုင်တော့တဲ့ အချိန်မှာ ကျွန်တော်လုပ်ဖို့ဆုံးဖြတ်လိုက်တာက ထွက်ပြေးဖို့ပဲ ကျွန်တော်ဒီနေရာကနေထွက်ပြေးပြီး တစ်နေရာရာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တယ် ကျွန်တော်မိုက်မိုက်မဲမဲနဲ့ ကျွန်တော်မိသားစုကိုလည်း ပစ်ထားခဲ့ဖို့ ဆုံဖြတ်လိုက်တယ်
ကျွန်တော်ထွက်သွားဖို့လုပ်တုန်းမှာပဲ ကျွန်တော့်ဆီစာတစ်စောင်ရောက်လာတယ် စာထဲမှာက
မင်းမှာအကြွေးတွေတင်နေတာကို ငါသိတယ် မင်းအကြွေးတွေကြေချင်တယ်ဆိုရင် ငါမင်းကို ပိုက်ဆံပေးလို့ရတယ် မင်းလိုတာထက် ငါနှစ်ဆလောက်ပိုပေးမယ်
မင်းကငါ့ကိုပြန်ပေးစရာတော့ မလိုဘူး
ဒါပေမယ့် ငါခိုင်းတာကို တစ်ခုပဲလုပ်ပေးရမှာ
မင်းသဘောတူတယ်ဆိုရင်
#$%^&#$%^&#$%^&
အဲ့ဒီကို မနက်ဖြန်လာခဲ့ မနက်ဖြန်မှမလာရင်
နောက်အခွင့်အရေးမရှိတော့ဘူးနော်
သေချာစဥ်းစားပါကျွန်တော်တွေဝေသွားရတယ် စာထဲကလူက ဘယ်သူမှန်းလဲကျွန်တော်မသိဘူး ဒါပေမယ့်ဒီလူက လိုနေတဲ့ပိုက်ဆံရဲ့ နှစ်ဆကိုပေးဦးမှာတဲ့ ပြန်ပေးစရာမလိုဘူးတဲ့ သူခိုင်းတာကို လုပ်ပေးရုံဆိုပဲ ဒါပေမယ့်သူက ဘာခိုင်းမှာလဲ ဥပဒေရောလွတ်ကင်းပါ့မလား ဒီထက်အရေးကြီးတာက ကျွန်တော်အကြွေးတွေတင်နေမှန်း သူဘယ်လိုလုပ်သိတာလဲ
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...