ဘာဖြစ်လို့လဲ ဘာဖြစ်လို့ကောင်လေးတွေမှလဲ Yoongiလေး covid 19 positive ဖြစ်တယ်ဆိုတဲ့ သတင်းကိုသိသိရချင်း မယုံကြည်နိုင်ခဲ့ဘူး မဟုတ်လောက်ပါဘူးလို့ အကြိမ်ကြိမ်ပြောခဲ့ပေမယ့် အမှန်တကယ်ဖြစ်နေခဲ့တယ်ပခုံးခွဲစိတ်မှုကနေ အခုမှထူထူထောင်ထောင်လေး ပြန်ဖြစ်လာပြီး concertလုပ်နေနိုင်လို့ ပျော်ခဲ့ရတဲ့အချိန်တွေက ကြာကြာတောင်မခံနိုင်လိုက်ပါလား
အရမ်းပျော်ရရင်ငိုရတယ်တဲ့ သတင်းကြားကြားချင်း မငိုမိအောင်ထိန်းနေရတယ် ဘာဖြစ်လို့သူမှလဲဆိုတဲ့ စိတ်တွေကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ဘူး
ကောင်လေးကသန်မာပါတယ်ဆိုတဲ့ စိတ်နဲ့ အားတင်းရင်း ဘာမှဆိုးဆိုးရွားရွားမဖြစ်ဖို့ ဆုတောင်းနေရင်းနဲ့ကိုပဲ ထပ်ကြားလိုက်ရတဲ့သတင်းကြောင့် လူကချက်ချင်းကို မျက်ရည်တွေကို ဝဲတက်လာတဲ့အထိပဲ
Joonနဲ့Jinရောပဲတဲ့ ဒီလိုမျိုးဖြးစင်တဲ့ ကောင်လေးတွေကိုမှ ဘာလို့လဲ ကောင်လေးတွေအားလုံးက သန်မာကြပေမယ့် ကိုယ့်ရင်ထဲမှာတော့ စိတ်ပူနေရတုန်းပဲလေ
ဒီလိုအချိန်မှာတောင် မိသားစုဝင်တွေအရှေ့မှာ မနည်းကိုပြုံးပြီးနေနေရတယ် သူတို့လေးတွေကြောင့်မျက်ရည်ကျရင် ဘာမဟုတ်တာလေးနဲ့ မျက်ရည်ကျတယ်ဆိုပြီး အိမ်ကလူတွေက ပြောကြဦးမှာ
သူတို့မှနားမလည်နိုင်တာ ကိုယ်တွေFanတွေရဲ့ ခံစားချက်ကို သူတို့မှနာမလည်နိုင်တာ ပြန်ပြောရင်လည်း ကိုယ်ပဲအလွန်ဖြစ်ဦးမယ် မျက်နှာပေါ်မှာက ပြုံးနေပေမယ့် ရင်ထဲမှာနာကျင်နေရတာကိုတော့ သူတို့မမြင်နိုင်ပါဘူး
2021က တကယ့်ကိုဆိုးရွားတဲ့နှစ်ပဲ ကိုယ်ကိုယ်တိုင်လည်း covid 19 positive ဖြစ်ခဲ့တယ်ဆိုပေမယ့် ကိုယ့်တုန်းက ဘာမှန်းတောင်မသိလိုက်ပဲ ပျောက်သွားခဲ့တာ
ဒီနှစ်ထဲမှာCovid ကြောင့်စိုးရိမ်ခဲ့ရတဲ့ လူတွေက မနည်းမနောပဲ ပထမကအမေ
အမေကဆရာဝန်မို့လို့ ရှောင်ရမှာတွေကိုသိပေမယ့် လူနာတွေကိုမပစ်နိုင်ခဲ့လို့ နေ့တိုင်ကြည့်ပေးတဲ့အမေကလည်း positive ထွက်ခဲ့တယ်
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...