💙Part 4💙

609 54 8
                                    

Unicode

Jimin's POV

အချိန်တွေကခဏလေးပဲ အခုဆိုရင်ကျွန်တော်တို့ accident ဖြစ်တာ တစ်ပါတ်ရှိပြီ accident အကြောင်းကိုလည်း Official ကြေညာလိုက်တာကြောင့် ARMYတွေလည်း အရမ်းကိုစိတ်ပူနေရတာကို တွေ့ရတာကိုမြင်တော့ စိတ်မကောင်းဖြစ်ပြန်တယ်

ကျွန်တော်တို့က သူတို့လေးတွေကို အကောင်းဆုံးတွေပဲပေးချင်တာကြောင့် အခုလိုမျိုးသူတို့လေးတွေ စိတ်မကောင်းဖြစ်နေရတာကိုမြင်တော့ ကိုယ့်တာဝန်ကိုမကျေသလို ခံစားရတယ်

တကယ်ပါ ARMYလေးတွေက ကျွန်တော်တို့အတွက် ဘုရားကပေးတဲ့ဆုလာဘ်ပါပဲ ဒါပေမယ့်ဒီတစ်ခုထဲမဟုတ်ဘူး နောက်ထပ်ဆုလာဘ်ကိုပါ ပေးခဲ့သေးတာ အဲ့ဒါက Yoongi hyungပဲ

Accidentကြောင့် ARMYတွေအပေါ်အားနာရသလို ဒီaccidentကို ကျေးဇူးလည်းတင်မိတယ် အခုဆိုyoongi hyungရဲ့ ကျွန်တော်တို့မသိတဲ့ တစ်ဖက်ခြမ်းကိုပါ မြင်နိုင်ခဲ့တယ်လေ

Hyungက အသဲမာတဲ့သူ မာကျောတဲ့သူ နှလုံးသားမရှိတဲ့သူ နောက်ဆုံးမျက်ရည်ပါမရှိတဲ့သူလို ကျွန်တော်တို့အားလုံး ထင်ထားခဲ့မိပေမယ့် ဒါတွေကဟန်ဆောင်နေခဲ့တာပဲ

ဒီလိုမျိုးနှစ်တွေအကြာကြီး ဟန်ဆောင်ခဲ့တာတောင် ကျွန်တော်တို့မရိမ်မိခဲ့ဘူး ဒါကကျွန်တော်တို့ကပဲ ညံ့ခဲ့တာလား hyungကပဲ ဟန်ဆောင်တာတော်လွန်းတေတာလား

ဘာပဲဖြစ်ဖြစ် အခုတော့hyungက စိတ်ထားနူးညံ့တဲ့သူ ကျွန်တော်တို့အပေါ် ဂရုစိုက်ပေးတဲ့တဲ့သူ ဆိုတာသိခဲ့ရတယ် hyungမှာ အရမ်းကိုနူးညံ့လှပလွန်းတဲ့ နှလုံးသားတစ်စုံရှိတယ်ဆိုတာလည်း သိခဲ့ရတယ်

Yoongi hyungကအမြဲတမ်း မျက်နှာတည်တည်ကြီးနဲ့နေပေမယ့် အဲ့နေ့က jin hyungရဲ့လက်ကိုကိုင်ပြီး ငိုပြီးကတည်းက hyungက တစ်ခြားတစ်ယောက်လို ပြောင်းလဲသွားတယ်

အေးတိအေးစက်နေတတ်တဲ့ hyungက နေ့တိုင်းဟင်းတွေချက်ပြီး ကျွန်တော်တို့ကုတင်ဘေးနားမှာလာချထားတယ် ပြီတော့သူချက်ထားတာဘယ်လောက်ကောင်းကြောင်း ဘယ်လိုချက်ထားရကြောင်း jin hyungရဲ့ကုတင်ဘေးမှာ တစ်တွတ်တွတ်ပြောနေလေ့ရှိတယ်

We're HereWhere stories live. Discover now