Unicode
Y/N's POV
အရာအားလုံး နောက်ကျသွားခဲ့ပြီ အစ်ကိုyoongiကို တားဖို့အပြေးသွားခဲ့ပေမယ့် မမှီခဲ့ဘူး အစ်ကိုyoongiက လက်ကောက်ကို သူ့ရဲ့လက်မှာဝတ်ပြီးသွားပြီ
လက်ကောက်ဝတ်လိုက်တဲ့ အချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံး အမှောက်ကျသွားတယ် ပြီးတော့ အစ်ကိုyoongiဆီကနေ အားတစ်မျိုးထွက်လာပြီး ကျွန်မတို့ကို ရိုက်ခတ်သွားတယ် အစ်ကို yoongiနားမှာရှိ လူတွေအကုန် ကျွန်မအပါအဝင် လွင့်ထွက်သွားတယ်
ခဏအကြာမှာပဲ အရာအားလုံက ပြန်ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်ကလည်း ပြန်ပြီးလင်းလာတယ် လဲနေရာကနေ အမြန်ပြန်ထပြီး အစ်ကိုyoongiကို ကြည့်မိတော့ ကြမ်းပြင်ပေါ်မှာ အပုံလိုက်လေး လဲကျနေတယ် ဘေးနားမှာလည်း အစ်ကိုjinတို့က အစ်ကိုyoongiကို စိုးရိမ်စွာကြည့်နေကြတယ်
ကျွန်မနဲ့ Xiaozhan အစ်ကိုyoongiဆီကို အပြေးသွားလိုက်တယ် Xiaozhanက အစ်ကိုyoongiကို သူ့ရဲ့ရင်ခွင်ထဲမှာ ထည့်ပွေ့ထားတယ် အစ်ကိုjinတို့ကိုကြည့်မိတော့ မျက်လုံးတွေက သဝန်တိုနေပေမယ့် မျက်နှာပေါ်မှာတော့ စိုးရိမ်မှုတွေက ပေါ်လွင်နေတယ်
သိပ်မကြာခင်မှာပဲ အိမ်ထဲကို ရဲတွေနဲ့ Bang PDတို့ဝင်လာကြတယ် Bang PDက ကျွန်မတို့ဆီကို ချက်ချင်းရောက်လာပြီး
Bang PD:"yoongiက ဘာဖြစ်တာလဲ"
Y/N:"မသိဘူး သတိလစ်သွားတာပဲ"
Xiaozhanက ဖြေမလို့လုပ်နေတုန်း ကျွန်မဝင်ဖြေလိုက်တော့ ကျွန်မကို စိုက်ကြည့်လာတဲ့ Xiaozhan ကို မသိချင်ယောင်ဆောင်လိုက်တယ် ကျွန်မလိမ်ပြောလိုက်တာပါ ဒီကိစ္စဘယ်လိုဖြစ်တာလဲဆိုတာ ကျွန်မသိပေမယ့် လိမ်ပြောလိုက်တယ်
Bang PD:"ဒီအတိုင်းထားလို့မဖြစ်ဘူးလေ ဆေးရုံပို့ရမယ်"
Bang PD ကပြောလိုက်တော့ Xiaozhanက အစ်ကိုyoongiကို ချက်ချင်းပွေ့ပြီး အိမ်ထဲကနေ အမြန်ထွက်သွားတယ် ကျွန်မလည်းအနောက်ကနေ အမြန်လိုက်သွားလိုက်တယ် အိမ်ရှေ့ရောက်တော့ ဘယ်သွားရမယ်မှန်းမသိတာကြောင့် မေးဖို့အတွက် Bang PDကို လှည့်ကြည့်တော့ ပါမလာဘူး
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...