Unicode
Yoongi's POV
ကျွန်တော်အခု ဘယ်ရောက်နေလဲမသိဘူး ခုနကလေးတင် ဟိုအိမ်ကြီးထဲမှာ ရှိနေတာလေ ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေရတာလဲ
မှတ်မိပြီ ကျွန်တော် Y/Nဆိုတဲ့ ကောင်မလေးယူလာတဲ့ လက်ကောက်ကို ဝတ်လိုက်မိတာ ဟုတ်တယ် အဲ့ဒါပြီးတော့ ကျွန်တော်သတိလစ်သွားတာပဲ
ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး ပြန်မှရမယ် Jin hyungတို့ကို ကူညီရဦးမယ် Hyungတို့ကိုလည်း တွေ့ချင်သေးတယ် ဒီနေရာကနေထွက်မှ ဖြစ်မယ်
ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ ဘာမှမရှိတဲ့ ကွင်းပြင်ကျယ်ကြီးကိုပဲ တွေ့တယ် လူဆိုလို့တစ်ယောက်မှ မရှိတဲ့အပြင် ကွင်းပြင်တစ်ခုလုံးမှာ ဘာတိုဘာမှ ရှိမနေဘူး ကျွန်တော်တစ်ယောက်တည်းရှိနေတာ
ဘယ်ဘက်ကိုကြည့်ကြည့် ဘာမှမရှိတဲ့ ကွင်းပြင်ကွက်လပ်ကိုပဲ့ တွေ့ရတယ် ဘယ်သွားရမယ်မှန်းလည်း မသိဘူး ခြေဦးတည့်ရာကိုပဲ လမ်းလျှောက်နေမိတယ် လမ်းဆုံးရင်တော့ တစ်ခုခုကို တွေရမှာပါ
ကျွန်တော်သွားတယ် ဆက်ပြီးတော့ သွားတယ် လမ်းလျှောက်ပြီးရင်းလျှောက်တယ် တော်တော်ကြာသွားပြီးတဲ့အထိ ဘာမှကိုမတွေ့ရသေး ခုနကပုံစံအတိုင်းပဲ ကွင်းပြင်ကြီးထဲမှာပဲ ရှိသေးတယ်
"သန့်စင်လွန်းတယ်!!"
အသံနက်နက်ကြီးကို ကြားလိုက်ရတာကြောင့် သွားနေရာကနေရပ်လိုက်ပြီး အသံပိုင်ရှင်ကို လိုက်ရှာကြည့်တယ် ဒါပေမယ့်လည်း ဘယ်သူ့ကိုမှမတွေ့ရဘဲ မြေကွက်လပ်ကိုပဲ တွေ့ရတယ် နားကြားမှာတာနေမှာပါဆိုပြီး လမ်းဆက်လျှောက်တယ်
"အရသာရှိမယ့်ပုံပဲကွာ!!"
အသံနက်နက်ကြီးကို ထပ်ပြီးကြားလိုက်ရတာကြောင့် သွားနေတဲ့ ခြေလှမ်းတွေက တုံ့ခနဲရပ်တန့်သွားတယ် ဘေးပတ်ဝန်းကျင်ကို ပြန်ကြည့်တော့လည်း ဘယ်သူမှမရှိ
"ငါမစောင့်နိုင်တော့ဘူး!!!"
ထပ်ပြီးကြားလိုက်ရတဲ့ အသံကြောင့် ကျွန်တော်ကျောချမ်းသွားရတယ် ဒီနေရာမှာ Hyungတို့ရှိနေရင် ကျွန်တော်ကြောက်မှာမဟုတ်ပါဘူး ဒါပေမယ့် အခုက ကျွန်တော်တစ်ယောက်တည်းလေ ဒီနေရာမှာကျွန်တော် တစ်ယောက်တည်းဆိုတဲ့အသိက ကျွန်တော့်ကို ပိုကြောက်လာစေတယ်
YOU ARE READING
We're Here
Fanfictionအောင်မြင်နေတဲ့ BTS အဖွဲ့ Accident တစ်ခုကြောင့် yoongiမှလွဲ၍ ကျန်တဲ့သူများ comaဝင်သွားတဲ့အခါ သူတို့ခန္ဓာကိုယ်တွေက comaဝင်သွားပြီး သူတို့ဝိညာဥ်တွေက ခန္ဓာကိုယ်ထဲ ပြန်ဝင်မရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ yoongiကရော သူ့membersတွေရဲ့ ဝိညာဥ်တွေက သူ့အနားမှာရှိနေတယ်...