"မင်းလုပ်ရမှာက မင်းသူ့ကိုဆွဲဆောင်ပြီး ထားပစ်ခဲ့ယုံပဲ ရှောင်ကျန့်"
"ဘယ်လို ဆရာ W ဆိုတဲ့လူက ဘယ်လောက် ခက်ထန်ပြီးကြောက်စရာကောင်းလဲဆရာမသိတာလဲမဟုတ်ဘူး"
"အဲ့တာအောင်မြင်ရင် မင်းအဖေရဲ့အကြွေးတွေငါလျှော်ပေးမယ်"
"ဆရာ ဘာလို့ကျွန်တော့်ကိုဒီအလုပ်ခိုင်းတာလဲ ပြီးတော့ Wကမိန်းကလေးတွေကိုပဲစိတ်ဝင်စားတာ"
"ငါမင်းကိုအခွင့်ရေးပေးကြည့်တာ မင်းမအောင်မြင်ခဲ့ရင်နောက်တစ်ယောက်ကိုလွှတ်မယ်"
-----
ကြည့်ပါဦးကျွန်တော့်ဘဝ ဘွဲ့ရဖို့ကိုအချိန်ပိုင်းအလုပ်လုပ်ရင်းကျောင်းတတ်ခဲ့ရတယ် အခုကျောင်းပြီးတော့ ဖအေလုပ်သူကလောင်းကစားအကြွေးတစ်နစ်တစ်ပိုးနဲ့ ထားပြီးဘယ်ပျောက်သွားမှန်းမသိဘူး တော်သေးတယ် သူဌေးလန်ကတစ်ကယ်ကျွန်တော့်အပေါ်ကောင်းပါတယ် သူ့အတွင်းရေမှူးအဖြစ်အလုပ်ပေးထားတော့အကြွေးတွေ ဆပ်နိုင်တယ် ဒါပေမယ့် ဒီပုံတိုင်းဆက်သွားမယ်ဆို မဖြစ်သေးဘူး..အခုအသက်၃၀ရှိနေပြီ ကျောင်းပြီးကတည်းကအကြွေးဆပ်နေရတာ ကိုယ့်စာရိတ်လဲဖယ်ရတယ်ဆိုတော့ခရီးကမပေါက်ဘူးဖြစ်နေတယ် ဒါနဲ့ပဲ..."ကျွန်တော် ဘယ်လိုလုပ်ရမလဲသဌေးလန်"
"သူအခုအတွင်းရေးမှူးရှာနေတယ် ငါမင်းကိုသူ့နားရောက်အောင်လုပ်ပေးမယ်..."
"မ မဖြစ်ဘူးထင်တယ် သူ့ဝန်ထမ်းတွေက Beta တွေချည်းပဲရှိတာလေ ကျွန်တော် ..."
"ဆေးရှိပါတယ် ဒီဆေးကမင်းကို ဟော်မုန်းအနံ့တွေကနေကာကွယ်ပေးလိမ့်မယ်"
"ကျွန် ကျွန်တော်စိတ်ချမယ်နော်"
သူဌေးလန်က ပြုံးပြီးခေါင်းလေးသာတစ်ချက်ငြိမ့်ပြတယ်...
-----
ရှောင်ကျန့် Wဆိုတဲ့လူနဲ့တွေ့ဖို့ သူရဲ့ခြံရှေ့ကိုရောက်နေပြီ ဖြစ်ရာ...
အိမ်ကြီးဟီးထနေပြီး ၃ထပ်တိုက်အိမ်ကြီးဖြစ်တယ် ခြံကပေ၂၀၀ပတ်လည်ရှိပြီး ခြံထဲမှာလဲ နောက်ဆုံးပေါ်ကားတွေတန်းစီနေတယ် ရှောင်ကျန့်ဝင်ဝင်ချင်းကိုပဲ.....
"ဟိုင်း မင်းကအသစ်လား"
"ဟုတ် ဟုတ်ပါတယ် "
"မင်းကbetaပဲလား"
"ဟုတ် ကျွန်တော့်နာမည်ရှောင်ကျန့်ပါ"
"ကိုယ့်နာမည်က light ပါ ကိုယ်လဲဒီကိုကိစ္စတစ်ခုရှိလို့လာတာ"
Light ကရှောင်ကျန့်ကိုလက်ဆွဲနုတ်ဆက်လိုက်စဉ် ရှောင်ကျန့် တစ်ကိုယ်လုံးအနည်းငယ်တုန်ယင်သွားပေမယ့် သူဘာမှမဖြစ်သလို ပြန်နေလိုက်နိုင်တယ် အကြောင်းမှာ light ကသူ့ကို ခပ်ညစ်ညစ်ပြုံးကာ ဟိုမုန်းများထုတ်လွတ်ခဲ့ခြင်းကြောင့်ပင်.
"ဟူး....တော်သေးတယ် ဆေးသောက်ထားလို့ မဟုတ်ရင်ပေါ်ပြီ..."