လင်းလင်းဆီကဖုန်းကိုလက်ခံပြီးတာနဲ့ ရိပေါ်ထိုနေရာမှချက်ချင်းထွက်လာခဲ့တယ်..
*တောက် အပြင်မထွက်ပါနဲ့ဆိုကွာ *
-----
ရှောင်ကျန့် ဗိုက်ထဲက ကလေးကိုတောင်ဂရုမစိုက်နိုင်ပဲ သူကိုယ်တိုင်ကားကိုအရှိန်မြှင့်ပြီးမောင်းလာခဲ့တယ် ...
ထိုစဉ်သူ့အနောက်က ကားနှစ်စီးလိုက်လာတာကိုသူသတိထားမိသွားတယ် ထိုကားနှစ်စီးကသူ့ကားကို အတင်းကပ်နေတာကြောင့် သူလမ်းဘေးကို ရောက်ကာမနည်းထိန်းနေရတယ် အဲ့အချိန်မှာပဲကားပေါ်ကနေခုန်ချဖို့ သူ့အာရုံက နိုးဆွနေတယ်..
*မဖြစ်ဘူး အရှိန်အရမ်းပြင်းတယ် *
သူ့စိတ်ကိုသူချုပ်တည်းနေပင်မယ့် မရတာကြောင့်သူတစ်ခုကိုသိလိုက်တယ်..
*သားလေးက ခုန်ချချင်နေတာလား ဒါဆိုပါပါးခုန်ချမယ်*
အရှိန်ပြင်းတဲ့ ကားပေါ်ကနေရှောင်ကျန့်ခုန်ချလိုက်တယ် သူခုန်ချလိုက်တာနဲ့ ကားကလဲ လမ်းဘေးချောက်ထဲပြုတ်ကျပြီးမီးလောင်သွားတယ်...အရှိန်ကအရမ်းပြင်းပေမယ့် ရှောင်ကျန့်လွယ်ကူစွာပဲခုန်ချလိုက်နိုင်တာကို သူအရမ်းအံ့ဩမိတယ် ဒါပေမယ့်ဗိုက်တစ်ခုလုံးကနာကျင်နေပြီး အောက်ပိုင်းကလဲသွေးတွေနဲ့စိုနေတယ်...
"အ့ ရိ ရိပေါ်"
သူမျက်ဝန်းတွေကမထိန်းနိုင်ပဲ ပိတ်ကျလုနီးပါးဖြစ်နေချိန်မှာတော့ သူ့ခန္တာကိုယ်ဟာလေပေါ်မြှောက်တတ်သွားတယ်...
"ကိုကို ...ကိုကို"
သူ့ကိုခေါ်နေတဲ့ ရိပေါ်ရဲ့မျက်နှာကို နာကျင်စွာအားယူကြည့်ရင်း နုတ်ခမ်းကိုကိုက်ရင်းက သူ့ကမ္ဘဟာအမှောင်တိကျသွားတယ်...
ရိပေါ် လုပ်ကြံသူတွေရဲ့ကားကိုဂရုမစိုက်နိုင်ပဲ ကားပေါ်ကခုန်ချလိုက်တဲ့အရိပ်ကလေးရှိရာကို ဦးတည်ပြေးသွားပြီး ပွေ့ချီကာ ဆေးရုံကိုပို့လိုက်တယ်....
"ဘာဖြစ်လို့လဲဗျာ ကျွန်တော့်ကိုအခုတစ်လောဘာတွေ မကျေမနပ်ဖြစ်နေတာလဲ ကိုကိုရာ ကျေးဇူးပြုပြီးဘာမှ မဖြစ်လိုက်ပါနဲ့"
ခွဲစိတ်ခန်းအပြင်ကနေရိပေါ် ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ တစ်ယောက်ထဲတီးတိုးရွတ်နေတယ်.....
ခနနေတော့ ရင်ရင်ထွက်လာပြီး...
"ရိပေါ် ဘာမှမစိုးရိမ်နဲ့ ကလေးကိုထုတ်လိုက်ရတယ်"
"ဒါ ဒါဆိုငါ့က လေး"
"ရှောင်ကျန့်ရောကလရောအဆင်ပြေတယ် ကလေးကလမစေ့သေးလို့ အထူးဂရုစိုက်ရမယ်"
ရှောင်ကျန့်ကိုခွဲခန်းထဲကထုတ်လာပြီး အခန်းပြောင်းဖို့လုပ်တော့ ဆရာဝန်ကကလေးလေးကိုလှည်းအသေးလေးနဲ့တွန်းလာတယ် ခုမှစမွေးတဲ့ ၄ပေါင်မျှသာရှိတဲ့ကလေးသေးသေးလေးရဲ့လက်မှာ ဆေးအပ်ကလေးတန်းလန်းက ရိပေါ်ရင်ထဲကို တဆစ်ဆစ်နဲ့နာကျင်စေတယ် အရမ်းမပြည့်ဝသေးတဲ့ မျက်နှာလေးကသူနဲ့တစ်ပုံစံတည်းပဲ..ဆရာဝန်က ကလေးလေးကို အထူးကြပ်မက်ဆောင်ထဲကိုခေါ်သွာတယ် ..