20🔞

1.8K 152 8
                                    

ရိပေါ်အလုပ်ကပြန်လို့အိမ်ထဲကို ဝင်လိုက်သည်နဲ့ ချစ်ဖို့ကောင်းတဲ့သားမိနှစ်ယောက်သံကိုသူကြားလိုက်ရတော့ အမောတွေပြေသွားရတယ်.ဒါပေမယ့် ရှောင်ကျန့်ကိုကြည့်လိုက်တဲ့အခါမှာတော့ တစ်ယောက်တည်း အလုပ်ရှုပ်နေတာကိုတွေ့လိုက်ရတော့မျက်မှောင်ကျုံ့သွားတယ်..

"သားလေးရေ ရှူးတွေပေါက်ချလိုက်ပြန်ပြီလား ပါးပါးလဲပေးမယ်နော် ခနလေး ခနလေး ပုရွက်ဆိတ်တွေဝင်နေမှာစိုးလို့ခါလိုက်ဦးမယ်"
"ကိုကို "
"ဝမ်!!ပြန်လာပြီလား သားလေးကရှုးခနခနပေါက်တယ်"
"လင်းလင်းရော"
"သူ့ကိုလိုအပ်တာလေးတွေဝယ်ဖို့ခိုင်းထားတယ် ခနထိုင်ပါဦး ဝမ့်ကိုပြောစရာရှိလို့"

ရှောင်ကျန့်ကကလေးကိုဘောင်းဘီလဲပေးပြီးနောက် ပုခတ်ခြင်းလေးထဲထည့်ကာ ရိပေါ်နားမှာဝင်ထိုင်လိုက်တယ် ....

"ဝမ် ငါတို့အိမ်မှာ လင်းလင်းနဲ့ အိမ်တော်ထိန်းကြီး၂ယောက်ပဲရှိတယ် ငါတို့အိမ်အကူထပ်ခေါ်ရအောင် မဟုတ်ရင် လင်းလင်းလဲပင်ပန်းနေပြီ"
"ကျွန်တော်လူ စိမ်းတွေကိုစိတ်မချဘူး"
"ကိုကို့မှာ သိတဲ့အဒေါ်ကြီးတွေရှိတယ် "

အိမ်ထဲမှာညအိမ်အကူဆိုလို့ လင်းလင်းရာယ် အိမ်တော်ထိန်းရာယ်ပဲရှိပြီး ခြံထဲမှာတော့ body guard အနည်းငယ်သာရှိတယ် လုံခြုံရေးတွေအားလုံး အလိုလျှောက်စနစ်တပ်ဆင်ထားပြီး လူစိမ်းမပြောနဲ့ ခွေးတစ်ကောင်တောင်ဝင်ဖို့မလွယ် ...

"ကောင်းပြီ ကိုကို့သဘော ကိုကိုပင်ပန်းနေတာလဲ ကျွန်တော်မလိုချင်ဘူး"

အဲ့လိုပြောလိုက်တော့ ကိုကိုကသူ့ပေါင်ပေါ်ကိုတတ်လာပြီး နုတ်ခမ်းလေးကိုလာနမ်းတော့ သူကိုကို့မျက်နှာလေးကိုအုပ်ပြီး တုန့်ပြန်အနမ်းလေးတွေပေးနေရင်း....

"အမ့် အမ့် အဟင့်"

ကလေးငိုသံကြောင့်ရှောင်ကျန့်က ထသွားသဖြင့်ရိပေါ် မျက်လုံးတွေကိုမှိတ်ကာ သက်ပြင်းချလိုက်တယ်....

"ဝမ် ရေသွားချိုးလေ "
"အင်း....ပြွတ်...ပြွတ်"

သားဖနှစ်ယောက်ရဲ့ပါးလေးကိုတစ်လှည့်စီနမ်းပြီးနောက် ရိပေါ်ရေချိုးခန်းထဲဝင်သွားလိုက်တယ်....

You're My Mate (Completed)Where stories live. Discover now