13

1.7K 176 8
                                    

"မင်းပြေးစရာနေရာမရှိဘူး အော်လို့လဲမရဘူး အသာတစ်ကြည်နဲ့ ရပ်နေလိုက်"

ရှောင်ကျန့်ကဖြေးညှင်းစွာနဲ့ခြေလှမ်းတွေကိုအနောက်ဆုတ်သွားတော့ ထိုလူစိမ်းက မပြေးရန်သတိပေးတယ်...
"မင်းတို့ငါ့ကိုဘာလုပ်မလို့လဲ "
"မြင်တာနဲ့ မသိဘူးလား မင်းကိုသတ်မလို့လေ"
"ငါ ငါဘာလုပ်လို့လဲ"
ထိုလူနှစ်ယောက်က အနားကိုခပ်သုတ်သုတ်ကပ်လာတော့ ရှောင်ကျန့်မျက်လုံးတွေကိုသာမှိတ်ထားလိုက်တယ် ....
*ဘာလို့ငါက အခုလိုတွေပဲကြုံနေရတာလဲ ငါမကောင်းတာဆိုလို့ ရိပေါ်ကိုလိမ်ခဲ့တာပဲရှိတာ်...ဘုရားကယ်ပါ ကျွန်တော်ရိပေါ်ကိုလိမ်ခဲ့မိပါတယ် တစ်ခါလောက်ပဲခွင့်လွတ်ပေးပါ*
"ဝုန်း"
ကျယ်လောက်တဲ့အသံကြီးကြောင့် ရှောင်ကျန့်မျက်လုံးတွေဖွင့်ကြည့်လိုက်ရာ ထိုလူစိမ်းနှစ်ယောက်က လမ်းဘေးမှာ ဆက်ငင်ဆက်ငင်ဖြစ်နေတယ် ဆိုင်ကယ်နဲ့အားပြင်းပြင်းဝင်တိုက်ချလိုက်တာဖြစ်ပြီး helmetဆောက်းထားတဲ့ ဆိုင်ကယ်ပေါ်ကလူက သူ့လက်ကောက်ဝတ်ကနေဆောင့်ဆွဲပြီမကာ ဆိုင်ကယ်ပေါ်တင်လိုက်တယ် ပြီးနောက်သူကဆိုင်ကယ်ပေါ်တတ်ပြီးမောင်းထွက်သွားတယ် အခုရှောင်ကျန့်ကသူ့ရင်ခွင်ထဲရောက်နေပြီး ဆိုင်ကယ်အရှိန်ကအရမ်းပြင်းတာကြောင့် သူ့မျက်နှာက မောင်းသူရဲ့ရင်ခွင်ဖက်ကိုလှည့်ထားကာ ခါးကိုကျစ်ကျစ်ပါအောင်ဖတ်ထားတယ် ဒီခန္တာကိုယ်ကရိပေါ်ရဲ့ခန္တာကိုယ်ဆိုတာသူကောင်းကောင်းသိတယ်....နာရီဝက်လောက်မောင်းပြီးတဲ့အခါမှာတော့ Hotel တစ်ခုဆီရောက်သွားပြီး ရိပေါ်ကဦးထုတ်ချွတ်ကာ ဆောင့်ဆွဲပြီး ခေါ်သွားတယ် ရှောင်ကျန့်ကအနောက်ကနေ ယက်ကန်ယက်ကန်နဲ့ပါသွားပြီး...ရိပေါ်ကဘာမှပြောပဲ ကောင်တာပေါ်ပိုက်ဆံပစ်ပေးပြီး ပေးလာတဲ့အခန်းသော့ကိုဆက်ကနဲယူကာ အခန်းဆီကိုသွားလိုက်တယ် ဟိုရောက်တော့သူ ရှောင်ကျန့်ကိုမွေ့ယာပေါ်တွန်းချလိုက်တယ်...
"အ့"
ရိပေါ်ကဘာမှ မပြောပဲဒေါသတွေနဲ့သူ့ကိုစိုက်ကြည့်နေတယ်....
ပြီးတော့မှ....
"ဘယ်မှာလဲ ခင်ဗျားယောက်ျား ဒီလောက်ကိုယ်ဝန်ကြီးနဲ့ကိုတောင် လာမကြိုဘူးလား ဟမ်"
ရိပေါ်ရဲ့အသံက ကျယ်လောင်လျှက်..ရှောင်ကျန့်ကတော့အပြစ်သားတစ်ယောက်လိုခေါင်းငုံ့နေတယ်...
"ငါမေးနေတယ် မင်းရဲ့အသုံးမကျတဲ့မင်းအကောင်က မင်းနဲ့ကလေးကိုမကာကွယ်ဘူးလား"
"ငါ့ယောက်ျားကို မကောင်းမပြောနဲ့"
"ဘာ!!!"
ရှောင်ကျန့်စကားကြောင့် ရိပေါ်ရဲ့နှလုံးသားကဆွဲညှစ်ခံလိုက်ရသလိုပင်...
"ခင်ဗျားသေတော့မလိုဖြစ်တာတောင်အဲ့ကောင်ကိုအပြောမခံဘူးပေါ့"
"ဟုတ်တယ် ငါ့ယောက်ျားကိုငါအရမ်းချစ်တယ် သူ့ကိုမကောင်းမပြောနဲ့မကြိုက်ဘူး"
တစ်လမ်းလုံးတိတ်ဆိတ်နေတဲ့ ရှောင်ကျန့်က သူ့ယောက်ျားကိုထိလို့ သူကယ်ပေးခဲ့တာကိုမှမထောက်ရန်လုပ်နေတာကြောင့် ရိပေါ်ရင်ထဲတဆစ်ဆစ်နဲ့ခံရခက်လှသည် ...
"အစ်ကိုအဲ့လောက် ကျွန်တော့်အရှေ့မှာလာမွှန်ပြမနေနဲ့ အခုဖုန်းဆက်လိုက် အစ်ကို့ယောက်ျားလာရင် ကျွန်တော်ပြန်မယ်"
အဲ့ဒီသူ့ယောက်ျားဆိုတဲ့လူကို ရိပေါ်အသေသတ်ပစ်ချင်တယ် ကိုယ်ဝန်ကြီးနဲ့လူကိုဘယ်လိုတောင်ပစ်ထားရက်တာလဲ...

You're My Mate (Completed)Where stories live. Discover now