18

1.4K 159 5
                                    

တစ်လပြည့်တော့ သားသားလေးကလဲ အပြည့်အဝကျန်းမာလာပြီး ကိုကိုကလဲစိတ်ချရတဲ့အခြေနေဖြစ်သွားတာကြောင့် မိသားစုအတွက်အိပ်ခန်းလေးကိုစိတ်ကြိုက်ပြင်ဆင်နေတာလေ..ကိုကိုကစကားလုံးဝမပြောတာတော့မဟုတ်ပေမယ့် စိမ်းကားတဲ့အပြုမူတွေနဲ့ပဲ ဆက်ဆံတယ် ရှင်းချင်ပေမယ့် ကိုကိုနေမကောင်းဘူးဆိုတဲ့အတွေးနဲ့ ကိုကိုသဘောကျနေပေးပေမယ့် ကိုကိုကလုံးဝမျက်နှာသာမပေးဘူး ဘာကြောင့်များလဲ ကျွန်တော်ကဘာအမှားလုပ်ခဲ့လို့လဲ....

အခန်းတစ်ခုလုံးကိုအစိမ်းနုရောင်လေးသုတ်ထားလိုက်ပြီး ကုတင်အကျယ်ကြီး မှာတော့ ခဲရောင် အိပ်ယာခင်းနဲ့ခေါင်းအုံးဝမ်းဆက်လေးခင်းလိုက်တယ်..ဆေးရုံမှာလဲ သူတို့မိသားစု တူတူပဲအိပ်ဖြစ်တယ် အကြောင်းက သားသားလေး Leo က နှစ်ယောက်လုံးရှိမှ အိပ်ပျော်တာ ပြီးတော့သူက သူ့ပါပါးကျန့်ကိုအမြဲကာကွယ်တယ် ကျွန်တော့လက်ထဲကနေပေါ့...ဘယ်လိုကာကွယ်လဲဆိုတာတော့နောက်ပိုင်းသိလာလိမ့်မယ်...

အခန်းရှင်းနေရင်းဖုန်းလာတဲ့ အခါမှာတော့ကိုကို့ဖုန်းဖြစ်နေတယ် သူ့သူဌေးဆီက....
"ဟဲလို"
"ရှောင်ကျန့် ဖုန်းလဲဆက်လို့မရလို့စိတ်ပူလိုက်ရတာ အဆင်ပြေရဲ့လား ဘာတွေလုပ်နေတာလဲ"
"ကျွန်တော် W ပါသူမီးဖွားနေတာမို့ ဖုန်းမကိုင်နိုင်တာပါ"
"အော်ဟုတ် ဟုတ်ကဲ့ ဒါ ဒါဆိုမနှောက်ယှက်တော့ပါဘူး"
ရိပေါ်တစ်ချက်ပြုံးလိုက်တယ်...
*ဟုတ်တယ်လေ W ဆိုတဲ့နာမည်ကြားရင် ဒီလိုပဲ တုန်လှုပ်နေရမယ် ဒါကိုများရာရာစစခင်ဗျားလေးက...နေမကောင်းလို့လွှတ်ထားပေးတာကို အဟုတ်မှတ်နေတယ်*
ရိပေါ်ဟိုတွေးဒီတွေးနဲ့ ဖုန်းကို ကလိကြည့်လိုက်ရာ....
"ဘာတွေလဲ....ဟ့ ဒီပုံတွေက"
သူပုံတွေကို တစ်ပုံချင်းကြည့်ပြီး အတော်စိတ်ပျက်သွားတယ်...ပို့တဲ့လူထက် ဒါတွေကိုယုံပြီး သူ့ကိုမကျေမနပ်ဖြစ်နေတဲ့ ဟိုကလေးအဖေကိုပဲသူအရင်စိတ်တိုမိတယ်..ပွင့်ပွင့်လင်းလင်းမပြောပဲ သူထင်ရာတွေနဲ့တစ်ယောက်ထဲ ကြိတ်ခံစားပြီး..သူရောသားရောပါ ဆုံးရှုံးလိုက်ရတော့မလိုဖြစ်သွားရတယ်..ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ...

ရိပေါ်သူ့ဖုန်းကိုထုတ်ကာတစ်ယောက်ယောက်ကိုဆက်လိုက်တယ် ..
.လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါ ဒူ ဒူ ဒူ."
"တောက်"
ရိပေါ်နောက်တစ်ယောက်ကိုဖုန်းထပ်ဆက်တယ်...
"ဟဲလို ချူးယွဲ့ဘယ်မှာလဲ "
"သူ အီတလီကိုထွက်သွားတာ တစ်လလောက်ရှိပြီ"
"တောက်...မင်းပြေးထား ချူးယွဲ့"
ရိပေါ်သူ့ဖုန်းကို အိပ်ယာပေါ်သို့ပစ်ပေါက်လိုက်တယ် ထိုစဉ် အိမ်အောက်မှကားသံကြားသဖြင့် သူပြေးဆင်းသွားရာ...

You're My Mate (Completed)Tempat cerita menjadi hidup. Temukan sekarang