ရုံးဆင်းချိန်တောင်ရှေင်ကျန့်ကမနိုးသေးတာကြောင့် ရိပေါ်သု့အိမ်ကိုသာခေါ်လာခဲ့လိုက်တယ် ရှောင်ကျန့်ကိုပွေ့ပြီးအိမ်ထဲဝင်လာတာကြောင့် အိမ်တော်ထိန်းဦးလေးကပြာပြာသလဲဖြင့်..
"သခင်လေး ဘာဖြစ်လို့လဲ ကျွန်တော့်ကိုပေးပါ ကျွန်တော် လိုက်ပို့ပေးမယ်"
အိမ်တော်ထိန်းက ရှောင်ကျန့်ကိုယ်လေးကို ထိကာ လက်လွဲယူမယ်အပြု...
"ရတယ် သူအိပ်ပျော်နေတာ ကျွန်တော့်အခန်းထဲမှာပဲ ထည့်ထားလိုက်မယ်"
အိမ်တော်ထိန်းကြီး ကအရမ်းအံ့ဩသွားတယ် အိပ်ပျော်နေတာလေ ဒဏ်ရာရနေတာလဲမဟုတ်ဘူး....နိုးလိုက်ရောပေါ့ ရုံးဆင်းချိန်လဲရောက်နေပြီ...သခင်လေးကတော့ တစ်ခုခုပဲ ကြိုက်များကြိုက် နေလားမသိဘူး..
ရိပေါ်ကရှောင်ကျန့်ကိုသူအိပ်ယာပေါ်မှာ ချလိုက်သည်အထိ ရှောင်ကျန့်ကတုတ်တုတ်မျှမလှုပ်သေး...သူရှောင်ကျန့်ရဲ့မျက်နှာနားကို ကပ်လိုက်ပြီး နုတ်ခမ်းကိုတစ်ချက်နမ်းလိုက်တယ်ဆိုရင်ပဲ သူ့အနမ်းတွေကအတောမသတ်နိုင်ပဲ ညိမ်နေတဲ့နုတ်ခမ်းလေးကို လျှာနဲ့ရစ်ပတ်စုတ်ယူကာ စားသုံးနေတယ် အကျီလေးလျောကျပြီး ပေါ်နေတဲ့ လည်တိုင်ဖွေးဖွေးလေးကိုပါ သူဆက်လက် ပြီး နှာဖျားလေးနဲ့ပွတ်ကာ သူ့ရဲ့အငွေ့သက်လေးတွေကို မွှေးကြူရင်း သူ့စိတ်တွေကကြွလာပြန်တယ်...ထိုစဉ်.."Ti Ti Ti"
ဖုန်းဝင်လာကြောင့်ရိပေါ်ကိုင်လိုက်တယ်..
"ဆရာ ဂျာမဏီကကုမ္မဏီမှာ ပြသနာနည်းနည်းဖြစ်နေလို့ လာမှရမယ်"
"ကောင်းပြီ"
---
"မသွားခင်တစ်ခါလောက်လုပ်မလို့ မင်းကလုံးဝမနိုးဘူးပဲ..အငိုသန်အအိပ်ပုတ်"ရိပေါ်ရေချိုးကာ ချက်ချင်းပင် ဂျာမဏီကိုထွက်သွားတော့တယ်...
_____
ရှောင်ကျန့် မျက်ခွံလေးတွေတစ်ဖြည်းဖြည်းပွင့်လာတဲ့အခါမှာတော့ လူတစ်ကိုယ်လုံးလန်းဆန်းနေပြီး နာကျင်မှုတွေလည်းသက်သာနေတယ် ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူကရိပေါ်ရဲ့အခန်းထဲမှာဖြစ်နေတော့ သူပြုံးလိုက်မိပြီး ရိပေါ်ရဲ့အငွေ့သက်လေးတွေကျန်သေးတဲ့ခေါင်းအုံးလေးကို ယူပြီးနမ်းလိုက်စဉ်....