16

1.5K 157 10
                                    

"ပါး ..ဘယ်လိုလုပ်လိုက်တာလဲ "
"ဘာကိုလဲ "
"ရှောင်ကျန့်ကိုသတ်ဖို့လူလွှတ်လိုက်တယ်ဆို"
"မင်းကဘယ်တုန်းက ငါ့အလုပ်ကိုစိတ်ဝင်စားသွားတာလဲ"
"ကျွန်တော် ပါးအလုပ်ကိုစိတ်မဝင်စားဘူးပါး ရှောင်ကျန့်သေတာမသေတာလဲဂရုမစိုက်ဘူး အဲ့လိုလုပ်ရပ်မျိုးရင်ရင်ကိုလာလုပ်လို့ကတော့ သားနဲ့ပါးအပြတ်ပဲ"
"မင်း....မင်းကများဘာအဆင့်မှမရှိတဲ့ မိန်းမနဲ့ငါ့ကိုလဲရဲတယ် ယောက်ျားတစ်ယောက်ကိုအမှတ်တောင် ပေးခွင့်မရှိတဲ့betaတစ်ယောက်ကိုများ"
အဲ့နေ့ကရှောင်ကျန့်ကိုလုပ်ကြံဖို့လွှတ်လိုက်တဲ့လူနှစ်ယောက်ရော ရှောင်ကျန့်ရောသတင်းအစနမကြားရတော့တာဖြစ်တယ်....
ထိုစဉ်....
"အန်ကယ်"
သူ့ဖေရုံးခန်းထဲကို ဝင်လာတဲ့ချူးယွဲ့ကြောင့် lightတစ်ယောက်မျက်မှောင်ကျုံ့ပြီးကြည့်လိုက်တယ်...
"အမြဲဝမ်ရိပေါ်အနားမှာ တွယ်ကပ်နေတဲ့ လူကငါ့အဖေနဲ့ဘယ်လိုများပတ်သတ်နေတာလဲ"
"မင်းသွားတော့ မင်းငါ့ကိစ္စတွေသိစရာမလိုဘူး"
ဖခင်ဖြစ်သူမာန်လိုက်တာကြောင့်Lightက တောက်တစ်ချက်ခေါက်ပြီးထွက်သွားတယ်...
Light ထွက်သွားသည်နဲ့....
"အန်ကယ် ရိပေါ်ကြည့်ရတာ မသင်ကာဘူး"
"ဘာထူးလို့လဲ"
"အခုရှောင်ကျန့်ပျောက်နေတာကို သူဘာမှတုန်လှုပ်ခြင်းမရှိဘူး"
"သူဘက်ကသံယောဇဉ် သိပ်မရှိလို့ဖြစ်မှာပေါ့ အဲ့လိုမထင်ဘူးလား"
"မထင်ဘူး ပထမဆုံး ရှောင်ကျန့်ပျောက်သွားတဲ့နေ့ကဆို သူ့ကြည့်ရတာ စိတ်နဲ့လူမကပ်ဘူးအရူးလိုပဲ အခုပိုပြီးသံသယဝင်စရာကောင်းတာကသူ့အိမ်ကို ဘယ်သူမှအဝင်မခံဘူး"
"မင်းပြောချင်တာက ရှောင်ကျန့်အဲ့ဒီမှာရှိနေတယ်ပေါ့"
"ဟုတ်တယ်"
Mr ရှင်းကခေါင်းတညိမ့်ညိမ့်လုပ်ပြီးနောက်..
"မင်းကငါ့ထက် ရှောင်ကျန့်ကိုသေစေချင်နေပုံပဲ"
"ကျွန်မ ရိပေါ်ကိုလိုချင်တယ် သူ့ကိုရဖို့ကျွန်မဘာမဆိုလုပ်မယ်...ကျွန်မဆီယိမ်းယိုင်နေတဲ့စိတ်တွေ ရှောင်ကျန့်ဆိုတဲ့ဟာပေါ်လာတော့မှ ပျက်စီးသွားတာ"
Mr xing ကခပ်ယဲ့ယဲ့ပြုံးလိုက်တယ်...အချစ်ကလွဲပြီးဘာမှ မသိတဲ့ကောင်မလေးက သူ့အတွက်အလွန်အသုံးဝင်တယ်...
-------
ဖုန်းထဲကိုဒုတိယကြိမ်မြောက်ဝင်လာတဲ့ messageကြောင့်ရှောင်ကျန့် မျက်လုံးလေးကိုမှိတ်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ် ဘယ်သူမှန်းမသိတဲ့နံပါတ်တစ်ခုက အရင်တစ်ပတ်ကဒီလိုပုံတွေပို့လာတယ် အခုလဲပို့လာပြန်ပြီ ကြည့်ရတာတော့ရိပေါ်နဲ့ရင်းနှီးတဲ့သူတွေထဲကဖြစ်ဖို့များတယ်...ဒီဖုန်းကသူရိ‌ပေါ်စီကိုရောက်မှ ရိပေါ်ကဝယ်ပေးထားတာ contectထဲမှာ ရိပေါ်နဲ့ သူ့ရဲ့သူဌေးနှစ်ယောက်ပဲရှိတယ် သူ့သူဌေးကလဲနိုင်ငံခြားကိုထွက်သွားတာကြာလှပြီ ဒီပုံတွေပို့တဲ့လူကရိပေါ်ရဲ့ အပေါင်းအဖေါ်ကလွဲပြီး မည်သူမှမဖြစ်နိုင်..

You're My Mate (Completed)Where stories live. Discover now