"ကိစ္စကအောင်မြင်သွားပြီ"
"ပါးရှောင်ကျန့်က သူ့ကိုအမှတ်ပေးလိုက်ပြီလား"
"ဟုတ်တယ် ဒီကလေးတော်တယ် ဒါပေမယ့် ဝမ်ရိပေါ်ကလိုက်မရှာဘူးမပြောနိုင်ဘူး"
"ပါး ပါးရှောင်ကျန့်ကိုတစ်ခုခုလုပ်မှာတော့မဟုတ်ဘူးမှတ်လား"
Mr ရှင်းကဘာမှမပြောပဲဆေးလိပ်ကိုသာဖွာနေတယ်...
"ပါးဖြစ်ချင်တာကိုသူ လုပ်ပေးခဲ့ပြီပဲလွတ်ထားလိုက်ပါတော့"
"မင်းကများငါ့ကိုလာပြောနေသေးတယ် Omega တစ်ယောက်နဲ့ အတည်တကျပေါင်းသင်းပြီး ဘာလို့မျိုးဆက်မမွေးသေးတာလဲ"
"ပါး"
Light ကပွေရှုပ်ပြီး အမြဲရိပေါ်ကိုကန့်လန့်တိုက်စကားနာထိုးနေပေမယ့် တစ်ဖက်သားကို သေစေလောက်တဲ့အထိတော့ မလုပ်တတ်ပေ...
lightဆီကိုလာတွေ့တဲ့ရင်ရင်က အိမ်အပေါက်ဝမှာပဲ သားအဖနှစ်ယောက်ရဲ့ အော်ဟစ်သံတွေကြောင့် ခြေလှမ်းတွေတန့်သွားတယ်.
"O Omega တစ်ယောက်တဲ့လား ငါ့ကိုဘယ်တုန်းမှ အသိမှတ်မပြုခဲ့ဘူးလား ဒါဆိုငါ့ကိုအရေးပေးနေတာတွေက သူ့သားရဲ့နားကလွယ်လွယ်ရှင်းထုတ်ဖို့အတွက်လား"ရင်ရင်တစ်ယောက်မျက်ရည်တွေနဲ့ပြေးထွက်ခဲ့တယ် ....
*ငါကတကာ်အရှက်မရှိတဲ့ မိန်းမပဲဒီလောက်ပွေရှုပ်နေတဲ့ကောင်နားမှာ တွယ်ကပ်မိနေတယ် ရှက်ဖို့ကောင်းလိုက်တာ ငါနင်နဲ့ အပြီးသတ်နိုင်အောင်ကြိုးစာမယ် light *
------
"ကော"
"ချူယွဲ့အခုတစ်လော ဒီကိုအရမ်းလာနေတယ် "
"ကောကိုတွေ့ချင်လို့ ."
"......"
"ကောကချူးကိုအိမ်ထောင်ဖက်အနေနဲ့ အသိမှတ်မပြုဘူးလား"
ချူးယွဲ့ကအမှတ်ကို သူပေးထားသည့်ပုံစံမျိုးသက်ရောက်အောင်စကားကိုပြောတယ်..
"ချူးယွဲ့ ကိုယ်အခုအလုပ်ရှုပ်နေလို့နောက်မှပြောရအောင်"
"ကော ကောကလေရှောင်ကျန့်ရောက်လာပြီးကတည်းက ချူးယွဲ့ကိုအဲ့လိုဆက်ဆံတယ် ချူးယွဲ့ဝမ်းနည်းတယ်"ငိုသံလေးပေါက်ကာပြောလာတဲ့ချူးယွဲ့ကြောင့် ရိပေါ်အားနာသွားပြီး...
"တောင်းပန်ပါတယ် ကိုယ်အခုတစ်လောအလုပ်ရှုပ်နေလို့ပါ"
ထိုစဉ်
"ဒေါက် ဒေါက် ဒေါက်"
"ငါပါ ရင်ရင်"
"ဘာကိစ္စ...."
"အီး...ဟီးးးး...အီး...."
ဝင်ဝင်ချင်းဆိုဖာပေါ်ထိုင်ကာငိုချလိုက်တာကြောင့် ချူးယွဲ့ရော ရိပေါ်ပါလန့်သွားတယ် ..
"ဘာဖြစ်လာတာလဲ"
"အီး ...ဟီး....."
"ချူးယွဲ့ အပြင်ထွက်ပေးပါလား"