14

1.4K 166 7
                                    

ရှောင်ကျန့်တင်ပါးပေါ်ရောက်နေတဲ့ ရိပေါ်ရဲ့လက်တွေက ပြန်ရုတ်သွားပြီး ဆိုဖာပေါ်ပစ်လှဲချကာ မျက်လုံးကိုမှိတ်လျှက် စိတ်ပျက်လက်ပျက်အသံ လျော့ရဲရဲဖြင့်...
"အစ်ကို ကျွန်တော့်ကိုနောက်စရာလို့ထင်နေတာလား ကျွန်တော်ဘယ်လောက်ဒေါသထွက်ပြီး လူသတ်ချင်နေလဲသိလား အစ်ကိုကျွန်တော့်ကို နဲနဲမှကြောက်ရကောင်းမှန်းမသိဘူးလား"
"ငါ ငါ့ယောက်ျားကိုမကြောက်ဘူး"
"မသိချင်ဟန်ဆောင်နေခဲ့တာကို မသိဘူးဆိုပြီးငပေါကြီးထင်နေတာလား"
"ဒါဆို ငါ့မှာတခြားယောက်ျားမရှိဘူးဆိုတာဘာလို့မသိတာလဲ"
"မသိချင်ဘူး တကယ်များရှိနေခဲ့ရင်ဆိုတဲ့အတွေးနဲ့ တင်ကျွန်တော်သေချင်နေတာမို့ လွှတ်ပေးလိုက်တာ လူကိုဘာလို့ အေးအေးဆေးဆေးမနေရအောင်လုပ်တာလဲ ကိုယ့်အသက်တောင်ကို မကာကွယ်တတ်ပဲ ကျွန်တော့်နားကပ်လာတယ် ကျွန်တော်သတ်ချင်ရင်အစ်ကိုသေတာကြာပြီ...."

ရိပေါ်ကစိုးရိမ်တာနဲ့စိတ်တိုတာပေါင်းပြီး မျက်မှောင်ကြုံ့ကာသူ့ကို တရစက်ပြောလာတော့ ရှောင်ကျန့်က အနားကိုသွားပြီး ပေါင်ပေါ်ကိုခွထိုင်လိုက်ကာ မျက်မှောင်ကျုံ့နေတဲ့နှဖူးကိုလက်မနှစ်ဖက်နဲ့ပွတ်ဆွဲပြီး....

"အဲ့တာကြီးကိုတွန့်မထားပါနဲ့တော့ ရုပ်ဆိုးလွန်းလို့အရမ်းကြောက်လာပြီ"
"ကျစ်!!ဖယ်"
ရိပေါ်ကလက်ကိုပုတ်ထုတ်လိုက်တယ်....
"ငါဝမ်နဲ့အတူနေပြီး ဝမ်ရဲ့ကလေးလေးကိုမွေးပေးလို့ရမလား ဟင်..!"

ရိပေါ်ကတစ်ဖက်ကိုမျက်နှာလွှဲလျှင် သူကလိုက်ပြီးမျက်နှာချင်းဆိုင်ကပ်ကာ နုတ်ခမ်းဆူပြီးမျက်လုံးပုတ်ခက်ပုတ်ခက်လုပ်နေတော့...
"ကျွန်တော်နားချင်ပြီ"
ရိပေါ်ကကုတင်ပေါ်တတ်ပြီး တစ်ဖက်သို့လှည့်အိပ်လိုက်တယ်....
*အလျှော့ပေးနေလို့ ကြောက်ရကောင်းမှန်းမသိဘူး ဒီလောက်အော်နေတာတောင် အဲ့လိုမျက်နှာမျိုးလာလုပ်ပြီးကြည့်ရဲသေးတယ် ငါ့နာမည်ကြားတာနဲ့လူတိုင်းဖင်တုန်အောင်ကြောက်တာကို ဒင်းကဖင်ကြားတောင်မညှပ်တာလား ပြီးတော့ငါ့ကိုရော တစ်ချိန်လုံးလုပ်ချင်နေတဲ့ကောင်ထင်နေတာလား ဘယ်လိုမာယာ‌ တွေသုံးသုံးလုံးဝအလျှော့မပေးဘူးကြည့်နေ *

You're My Mate (Completed)Donde viven las historias. Descúbrelo ahora