21

1.3K 137 4
                                    

တစ်နှစ်ကြာပြီးနောက်....

"သူဌေးရှင်း ကျွန်မပြန်လာပြီ.."
"မင်းပြန်လာပြီး ဘာလုပ်နိုင်မှာလဲ ငါ့သားလဲဟိုအသုံးမကျတဲ့ beta မနဲ့ယူသွားပြီ ဝမိရိပေါ်ကတော့ သားတစ်ယောက်နဲ့ပျော်ရွှင်နေတယ် အခုမျိုးဆက်ပျက်မယ့်သူက ငါဖြစ်နေပြီ..."
"ကျွန်မကလဲ့စားချေမှာ"
"မင်းကဘာတွေဆုံးရှုံးခဲ့လို့ကလဲစားချေမှာလဲ"
"ဝမ် ကောကောကိုလေ"
"မင်းရဲ့အပိုင်မဟုတ်ပဲ မင်းစစွတ်ပြီးအတ္တတွေကြီးနေတာပဲ"
"ဒါဆိုရှင်က သူတို့မိသားစုကိုဒီတိုင်းလွှတ်ထားမှာလား"
"အဲ့ဒါငါ့ကိစ္စပါ ငါမင်းနဲ့အလုပ်မလုပ်ချင်ဘူး "
"ကျွန်မကိုအထင်သေးတာလား"
"ဒါဆိုပထမတစ်ခေါက်ကတည်းက အဆုံးထိမလုပ်ပဲ ဘာလို့ခွေးပြေးဝက်ပြေးပြေးခဲ့တာလဲ"
"ရှင်!!!"
"ဟက် ငါမင်းကိုထပ်ပြီး အခွင့်ရေးပေးပါမယ် မင်းဘာလိုချင်လဲ"

မီးပုံထဲလာတိုးတဲ့ ပိုးကောင်ကို ဘာလုပ်ရမှာလဲ မီးမြိုက်ပေးလိုက်ရုံပေါ့ အဟက် အောင်မြင်တော့လဲ အမြတ် မအောင်မြင်တော့လဲ အရှုံးပေါ့......

"ကျမနေရာတိုင်းကို ဝင်ထွက်သွားလာခွင့်ရချင်တယ်"
"ကောင်းပြီမင်းကံကောင်းပါစေ ချူးယွဲ့"
-----
Light တို့မိသားစုကတော့ အမေရိကမှာ အေးအေးချမ်းချမ်းရှိနေတယ် Omega တစ်ယောက်ကိုငှားပြီး ကိုယ်ဝန်ဆောင်စေခဲ့တယ် ထိုOmega လေးကလဲ light ကိုဒီအတိုင်းတော့ကြည့်မနေ ရင်ရင်ဆီကနေ ရယူဖို့အမျိုးမျိုးကြိုးစားတယ် ကိုယ်ဝန်ဆောင်စဉ်ကာလာတွေမှာပေါ့...
ကိုယ့်ယောက်ျားကိုတစ်ခြားတစ်ယောက်နဲ့ အိပ်ခိုင်းပြီးကိုယ်ဝန်ဆောင်ခိုင်းရတာ ရင်ရင်အတွက်ဘယ်လိုနာကျင်မှုမျိုးလဲ ဒါပေမယ့် light ရဲ့မျိုးဆက်လေးကိုသူမ မမွေးပေးနိုင်တာကြောင့် နာနာကျင်ကျင်ပဲသူကိုယ်တိုင် Omega အလှလေး ဒါယာကို ရှာပေးခဲ့တယ် ပွေရှုပ်လွန်းတဲ့ light ကထိုဟာလေးကိုစွဲလမ်းသွားမှာလဲသူကြောက်တယ်လေ..

ဒါယာ မွေးချင်ဖွားချင်ဖြစ်လာတဲ့အခါမှာ light ကပြာပြာသလဲဖြစ်ကာ ဆေးရုံကို ပွေ့ပြီး ချီသွားပုံတွေကရုစိုက်နေပုံတွေကိုမြင်ပြီး ရင်ရင်ငိုရတယ် သူလဲဗိုက်နာချင်တယ် ကလေးမွေးလို့သေမတတ်ခံစားရတဲ့ နာကျင်မှုမျိုးသူခံစားချင်တယ်....သူဆေးရုံရဲ့အပြင်မှာပဲထိုင်စောင့်နေလိုက်တယ်.

You're My Mate (Completed)Où les histoires vivent. Découvrez maintenant