"ကော"
"ချူးယွဲ့ ဘယ်ကနေလှည့်လာတာလဲ"
ချူးယွဲ့က လုပ်ငန်းပါတနာတစ်ဦးရဲ့သမီးဖြစ်ပြီး သူမကသွက်လက်တယ် အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး သူမဖခင်အစား တစ်ခါတလေလာရင်းနဲ့ ရိပေါ်နဲ့ရင်းနှီးသွားခြင်းဖြစ်တယ် သူမကရိပေါ်နားရောက်လျှင်သူမရဲ့ နှင်းဆီနံ့သင်းသင်းလေးနဲ့ဆွဲဆောင်တတ် တယ် ရိပေါ်လည်းထိုရနံ့ကိုနှစ်ခြိုက်ပါတယ် သူမကသူ့ရဲ့မိတ်ဖက်ဖြစ်လာနိုင်မလားဆိုတာတော့ သူလေ့လာဖို့လိုသေးတယ်....
"ကော ကောကအမြဲတမ်းအလုပ်များတယ်နော်"
"ဟုတ်တယ်ချူးယွဲ့ "
ထိုစဉ်..
"Boss 1နာရီ ပါတနာတွေနဲ့တွေ့ဖို့ အချိန်ရောက်ပါပြီ"
"ကောင်းပြီ ခွင့်ပြုပါဦး ချူးယွဲ့"
"အတွင်းရေးမှူး အသစ်လေးလား"
"ဟုတ်တယ်"
ထိုအခါရှောင်ကျန့်က...
"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကအတွင်းရေးမှူးအသစ်ရှောင်ကျန့်ပါ"
"စကားတွေရှည်မနေနဲ့"
ရိပေါ်ငေါက်လိုက်တော့ ရှောင်ကျန့်ပါးစပ်လေးပိတ်သွားပြီး...
*ဝွန်း သူ့ကောင်မနဲ့ရောလို့အူလာတိုနေတယ်*
ချူးယွဲ့ရဲ့မျက်နှာမှာလဲ ရှောင်ကျန့်နဲ့ထပ်တူအတွေးဖြင့် အပြုံးရိပ်လေးသန်းလျှက်..
*ကောက ငါ့ကိုသဝန်တိုနေတယ် ချစ်စရာကြီး*
-----
Meeting ထဲကိုရှောင်ကျန့်ပါလိုက်သွားရတယ် အခုသူကအတွင်းရေးမှူးဆိုတော့ဘယ်သွားသွားတကောက်ကောက်ပေါ့ သူရိပေါ်နားမှာနေပြီး ရိပေါ်ကိုသေချာကြည့်နေမိတယ်...
*အနီးကပ်ကြည့်ရင်ပိုပြီးတောင် ခန့်ညားတာပဲ သူကငါ့ကိုတောင်သတိမထားမိသေးဘူး ငါ့စိတ်ကယိုင်နေလို့မဖြစ်ဘူး*
Meeting ပြီးသွားတော့လည်းရှောင့်ကျန့်က boss နောက်တစ်ကောက်ကောက်လိုက်ရတယ်..ထိုစဉ်
"Hello !!!"
Light ကရုတ်တရက်ထွက်ပေါ်လာပြီးနုတ်ဆက်တယ်....
"Mr Wang အတွင်းရေးမှူးအသစ်လေးက အရမ်းချောတာပဲ ငါမြင်ဖူးသမျှတွေထဲမှာအချောဆုံးပဲ"
ရိပေါ်က light ကိုတစ်ချက်စောင်းကြည့် လိုက်ပြီး ရှောင်ထွက်သွားတယ် သူနဲ့ညီအစ်ကို၂ဝမ်းကွဲတော်စပ်တဲ့ lightက သူ့ဝန်ထမ်းbetaတွေနဲ့တစ်ယောက်ပြီး တစ်ယောက် တွဲနေတဲ့သူဖြစ်ပြီးပွေရှုပ်နေတာကြောင့် ရိပေါ်ကြည့မရပေ..သူတို့ဘက်ကလဲကျေကျေနပ်နပ် တွဲနေမှတော့ ရိပေါ်လည်းပြောမနေတော့.light ကbeta ယောက်ျားလေး မိန်းကလေးမရွေးတွဲတယ် betaတွေကအမှတ်ပေးလို့မရတဲ့အခါကြတော့ သူ့အတွက်စိတ်ချလက်ချဆော့ကစားရတာအဆင်ပြေတယ်..
