4

1.5K 189 6
                                    

"ဆရာ ဆေးက ဟိုမုန်းတွေကိုအတိုင်းဆမရှိကာကွယ်နိုင်တာမဟုတ်ဘူးလား "
"အရမ်းအားပြင်းရင်မရလောက်ဘူး အခုမင်းကြုံခဲ့တာက ဆယ်ယောက်လောက်လေ သူတို့ကအချင်းချင်းအားပြိုင်နေတဲ့အခြေနေဆိုတော့ မင်းဘယ်ခံနိုင်မလဲ"
"ရိပေါ်နဲ့ရော စမ်းသပ်ပြီးပြီလား"
"ကျွန်တော် ရောက်ကတည်းက သူ့ဆီကဟိုမုန်းတွေထုတ်တာမတွေ့သေးဘူး"
"ဆေးကိုပိုသောက်ထား ဘေးထွက်ဆိုးကျိုးမရှိဘူး"
"ဟုတ်...ဒါနဲ့သူနဲ့ဘာရန်ညိုးရှိလို့လဲ ဒီလိုလုပ်ရုံနဲ့ သူကထိခိုက်နိုင်ပါ့မလား"
"မင်းနောက်တော့သိပါလိမ့်မယ်"
*ဆရာကလဲ အချင်းချင်းကိုပဟေဠိဆန်နေသေးတယ် ငါ့ကိုသေတွင်းထဲပို့တာတော့မဟုတ်လောက်ဘူးမဟုတ်လား*
-----
မနက်စောစော ရှောင်ကျန့်ရေချိုးပြီးရိပေါ်ဆီသွားရန်မှန်ရှေ့မှာ သေချာပြင်ဆင်နေတယ် ..
"ငါဘယ်လိုဝတ်သွားရင်ကောင်းမလဲ သူငါ့ကိုတော့သတိထားမိနေပြီ ငါကိုရော သဘောကျလာနိုင်ပါ့မလား ခ်ခ်"
ရှောင်ကျန့်သူ့ကိုယ်သူမှန်ထဲမှာကြည့်ပြီး တီရှပ်လက်တိုအဖြူနဲ့ စတိုင်ပင်အစိမ်းပုတ်ရောင်လေးကိုတွဲဝတ်လိုက်တယ်.
"ရိုးရိုးလေးပဲကောင်းပါတယ်"
သူနုတ်ခမ်းလေးကို ပိုပြီးပေါ်လွင်စေရန် lipglossလေးနည်းနည်းတို့လိုက်ပြီး ပန်းလေးတစ်ပွင့်ကို ဘေးမှာထိုးလိုက်တယ် ပြီးတော့သူ့ကိုသူမှန်ထဲကြည့်ကာ....
"ဟိဟိ အရမ်းလှသွားပြီ"

အချိန်ဇယားတွေအတွက် ရှောင်ကျန့် ရိပေါ်ဆီသွားရာ မနိုးသေးတာကြောင့် အခန်းထဲကို မစူးစမ်းပဲဝင်လိုက်မိရာ...
*ဟင်!ဟိုမုန်း!*
ရှောင်ကျန့်တစ်ကိုယ်လုံး ဟိုမုန်းအနံ့ကိုခံစားမိလိုက်ပေမယ့် သူဆေးနှစ်လုံးတောင်သောက်ထားလို့အဆင်ပြေနေသေးတယ်..

ကုတင်ပေါ်ကရိပေါ်က boxer လေးတစ်ထည်သာဝတ်ထားပြီး ရှောင်ကျန့်ကိုမမှိတ်မသုန်စိုက်ကြည့်နေတယ်...

"Boss ဒီနေ့အချိန်ဇယားတွေက..."
"မင်းကအဲ့တာပုံမှန်ပဲလား"
ရုတ်တရက်ရိပေါ်ရဲ့အမေးကြောင့် ရှောင်ကျန့်ကိုယ်လေးတွန့်သွားတယ်...
"မင်းငါ့ကိုဆွဲဆောင်နေတာလား"
"မ မဟုတ်ပါဘူး ကျွန်တော်ကဒီလိုပဲနေတတ်လို့ပါ boss မကြိုက်ဘူးဆိုရင် ကျွန်တော့ကို uniform ပြောင်းပေးလို့ရပါတယ်"
"ဘာပဲဖြစ်ဖြစ် တစ်ခုတော့သတိပေးလိုက်မယ် ငါယောက်ျားလေးတွေကိုစိတ်မဝင်စားဘူး ရှင်းရှင်းပြောရရင်ရွံတယ်"
ရိပေါ်ရဲ့ခက်ထန်လှတဲ့ စကားအဆုံးမှာရှောင်ကျန့် ခေါင်းလေးငုံ့သွားတယ်....ပြီးတော့ရိပေါ်က ရေချိုးပြီးအပြင်ထွက်ဖို့ပြင်လိုက်တယ် ရှောင်ကျန့်မျက်နှာသိသိသာသာပျက်ယွင်းသွားတာကိုရိပေါ်သတိထားမိလိုက်တယ်....
*အနာပေါ်တုတ်ကျသွားတာလား*
-----
သူတို့အလုပ်ကိုသွားဖို့ပြင်နေစဉ် light ကရောက်လာတယ် ရှောင်ကျန့်မျက်နှာက ခုနကရိပေါ်ပြောလိုက်တာကြောင့် ညိုးကျနေတယ်...
"ကျန့် မင်းဘာဖြစ်နေတာလဲ"
Light ဆိုတဲ့လူကသူ့နားရောက်ရင် ဟိုမုန်းတွေထုတ်နေတယ် သူရိပ်မိနေတာများလား ရှောင်ကျန့်တွေးနေစဉ်မှာပဲရိပေါ်က..
"Light မင်းအားတွေဘာလို့အကုန်ခံနေတာလဲ သူကbeta"
"ဒါပေမယ့် ကျွန်တော်သူ့ကိုသဘောကျတယ်"
"အီး ဟီး အီး .""""
ထိုစဉ်ရှောင်ကျန့်က ထငိုသဖြင့် light ရောရိပေါ်ရော မျက်လုံးတွေပြူးသွားရတယ် light ကပြာပြာသလဲဖြင့်..
"Sry sry ငါ့စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်မိတာ မင်းမငိုပါနဲ့ ငါမင်းကိုဘာမှမလုပ်ဘူး"
"ကျစ်!!!!ဖယ်"

You're My Mate (Completed)Donde viven las historias. Descúbrelo ahora