''အားး ချမ်းလိုက်တာ ''
မြေ့ဒီနေ့ကျောင်းတက်ရမည် ဆိုပေမယ့် ချမ်းလွန်းတာကြောင့် စောင်ပုံထဲကွေးကာပြန်အိပ်နေမိသည်။
''သမီးရေ သမီး ဒီနေ့ကျောင်းဖွင့်တယ်နော် ချမ်းလည်းအိပ်မနေနဲ့ ထတော့ ကြားလား ''
''ဟုတ်ကဲ့မား မြေ့ထပြီ ''
''အီးး တကယ်ချမ်းတယ် မျက်နှာတောင်မသစ်ချင်တော့ဘူး ''
မြေ့မထချင် ထချင်ဖြင့်ထလိုက်ကာ အကုန်ပြင်ဆင်ပြီးသွားတော့ အင်္ကျီအဖြူပေါ်တွင် အနွေးထည်လေးထပ်ဝတ်လာကာ ပုံမှန်
နေ့တွေအတိုင်းပင် စက်ဘီးနဲ့ကျောင်းကိုထွက်လာခဲ့သည်။မြေ့ကျောင်းရောက်တော့ စက်ဘီးစတင်းတွင် စက်ဘီးသွားထားလိုက်ပြီး လက်ကလေးပိုက်ကာအခန်းသို့လာခဲ့၏။
''ဟိတ် မြေ့လေး ''
''ဟင် အကို ဒီလောက်ချမ်းနေတာကို အနွေးထည်မဝတ်ဘူးလား ''
''အကိုက အအေးကြိုက်တယ်လေ မြေ့လေးကအရမ်းချမ်းနေတာလား ချမ်းတာမကြိုက်ဘူးလား ''
''ချမ်းတာကိုကြိုက်တယ် မခံနိုင်တာ ဟီး ''
''ဟုတ်ပါပြီ ဒီမှာ မြေ့လေးချမ်းမယ်ထင်လို့ ကိုယ်ဝယ်လာခဲ့တာ ''
မြေ့ကြည့်လိုက်တော့ ရေနွေးအိတ်လေးဖြစ်နေတာကြောင့်မြေ့ကျေနပ်သွားရကာ မြေ့ရေနွေးအိတ်လေးကို ယူလိုက်ပြီး
''ကျေးဇူးပါ ''
''ရပါတယ်ကွာ ကိုယ့်ကိုကျေးဇူးတင်စရာမလိုပါဘူး ချမ်းရင်နွေးနွေးထွေးထွေးလေးနေ စာမေးပွဲနီးလာနေပြီနော် အိပ်ပဲငိုက်မနနဲ့ စာသေချာလုပ် ''
''မြေ့ဘယ်မှာငိုက်လို့လဲ ''
''ဟော လိမ်တယ်ပေါ့ ကိုယ်အခန်းကနေမြေ့လေးအခန်းကိုမြင်ရတယ်ဆိုတာ မေ့နေတာများလား ''
''ဟွန်း မြေ့ကိုသာပြောမနေပါနဲ့ အကိုသာ စာသေချာကျက်ပါနော် မြေ့ကအေးဆေး အကိုက၉တန်း ကောင်မလေးတွေပဲလိုက်ကြည့်မနေနဲ့ ''
''အကိုက စာတွေရနေပါပြီ ပြီးတော့ ဘယ်ကောင်မလေးကိုမှ မကြည့်ပါဘူး ကိုယ့်အချိန်တိုင်းစက္ကန့်တိုင်းကြည့်နေတာဆိုလို့ မြေ့လေးပဲရှိတာ ''
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞