💞 Eposide.13 💞 Unicode

738 17 0
                                    

ဘုရားရောက်တော့ မြေ့နဲ့အကို နှစ်ယောက်လုံးရဲ့ ရက်သားတွေဆီ၌ အတူတူ ဘုရားရှိခိုးကြသည်။
အရင်က အချိန်တွေကိုပြန်သတိရလာတော့
မြေ့ ပြုံးလိုက်မိသည်။

''မြေ့လေး ဘာတွေ သဘောကျနေတာလဲ ''

''ဟီး အရင်က သတင်းကျွတ်မှာ ဘုရားတူတူလာခဲ့ဖူးတာကို သတိရသွားလို့ပါ ''

''အဟွန်း ကိုယ်ပြောလိုက်လို့ မြေ့လေးရှက်သွားတာလေး မှတ်မိနေပါသေးတယ်''

ကောင်းပြောရင်းဖြင့် မြေ့လေးရဲ့ ဆံပင်ကို ဖွဖွလေးပွတ် ပေးလိုက်သည်။

''ဟုတ််တယ် အဲတုန်းက အကိုက အဲလိုကြီးပြောတော့ မြေ့လည်းရှက်တာပေါ့ ''

''ကိုယ်က တကယ်ပြောတာပါ မြေ့လေးကော အဲတုန်းက ကိုယ့်ကိုရင်ခုန်နေခဲ့တယ်မလားဟင်...''

'' အမှန်အတိုင်းပြောရမှာလား ''

''အင်း အမှန်အတိုင်းပဲ့ပြော ''

''တကယ်တော့ မြေ့က အကိုနဲ့ရှိချိန် တိုင်းရင်ခုန်နေခဲ့တာ ..''

''မြေ့လေး ကိုယ့်ကို ကြိတ်ကြွေနေခဲ့တာပေါ့လေ ''

''ဟုတ်ပါဘူးနော် ဒီတိုင်းရန်ခုန်နေတာပါ အကိုနဲ့ရှိနေချိန် မြေ့ရင်မခုန်ရင် သေသွားမှာပေါ့ ''

''အဟွန်း စကားတွေ အရမ်းတတ်နေတာပေါ့လေ ဟုတ်လား ''

''ဟုတ်တယ် ဘာဖြစ်လဲ''

မြေ့ အကို့ကို လျှာထုတ်ကာ ပြောင်ပြလိုက်တော့ အကိုက သဘောကျစွာ ရီနေလေသည်။

''မြေ့လေး ကိုယ့်တို့ ဓာတ်ပုံရိုက်ရအောင်လေ first date အမှတ်တရပေါ့ ''

''ဟုတ် ''

''အကို မြေ့ Post မပေးတတ်ဘူး ဘယ်လိုလုပ်ရမှာ ''

''မြေ့လေးက ဘယ်လိုနေနေချစ်ဖို့ကောင်းပြီးသားပါ ကွာ ''

''ဟီး အဲဆိုပြီးရော ''

မြေ့ရဲ့ ဓာတ်ပုံရိုက်တိုင်း ထုတ်သုံးတတ်တဲ့တစ်ခုတည်း သော လက်နှစ်ချောင်းပုံလေး အကို့ဖုန်းထဲ ပါသွားရသည်။အကိုသွားချင်တဲ့ နေရာ လိုက်ပါမယ်ဆိုတဲ့မြေ့လေးကပြောင်းပြန်ဖြစ်ကာ မြေ့လေးသွားချင်တဲ့နေရာကိုကောင်း က လိုက်နေရတာဖြစ်သည်။

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Onde histórias criam vida. Descubra agora