"မြေ့လေး ''
''ဟင် အကို ''
''အင်း ဒီမှာမြေ့လေးအတွက် ''
''ဟင် မုန့်တွေလား "
"ဟုတ်တယ် Miloဘူးနဲ့ ချောကလက်ဝေဖာမုန့်ကြိုက်တယ်မလား "
ကောင်းမြေ့လေးထိုင်နေတဲ့ ပြတင်းပေါက်ကနေ မုန့်လာပေးတာပင်
''မြေ့မကြိုက်တာမရှိပါဘူး မြေ့အတွက်ဆိုယူလိုက်ပြီနော် ဟီး ''
''ယူပါဗျ ဒါဆိုအကိုသွားတော့မယ်နော် ငြိမ်ငြိမ်နေနော် အတန်းထဲ ''
''ငြိမ်ငြိမ်မနေတော့ မြေ့က ကနေတာမှမဟုတ်တာကို ''
''အဟွန်း ကိုယ်က မင်းလေး အရမ်းဆော့နေမှာဆိုးလို့ပြောတာပါ ''
စကားပြောရင်းမြေ့ဆံပင်ကို လာဖွတာကြောင့် ပြန်ရန်တွေ့ကာပြောလိုက်သည်။
'' ဘာလို့မြေ့ဆံပင်ကိုဖွတာလဲ ဒီမှာပွကုန်ပြီ ပြီးတော့ မြေ့အဲလောက်မဆိုးပါဘူး ''
''အဟွန်း ဟုတ်ပါပြီဗျာ ကိုယ်သွားပြီ ''
''သွားသွား ''
ကောင်းထွက်လာတာကိုပင် အနောက်ကနေပြီး သွားလို့ပြောနေသေးတာကြောင့် ခေါင်းခါရင်းပြုံးလိုက်မိသည်။
ပြုံးပြီးထွက်သွားတဲ့ သူ့ကိုကြည့်ရင်း မြေ့လည်းကျေနပ်နေလျက်
''ဟဲ့မြေ့ နင်မုန့်ပါလာတာမို့ ငါနဲ့မလိုက်တာမလား ''
''မဟုတ်ပါဘူး ခုနက အကိုလာပေးသွားတာ ''
''သြော်.. သူကနင့်ကိုပဲ ကွက်ကျားပြီးကောင်းနေလိုက်တာ ''
''တခြားသူတွေအပေါ်လည်းကောင်းပါတယ် ငါသူနဲ့ပြောရသလောက် အဲလောက်မဆိုးဘူးထင်တာပဲ ''
''တခြားသူတွေကတစ်ခါတစ်လေကောင်းတာ နင်ကိုကအမြဲကောင်းတာ သိရဲ့လား ''
''.....''
မြေ့ကတော့ Milo သောက်လိုက် မုန့်စားရင်းဖြင့်သာ
''ကောင်း ဘယ်လိုလဲကွာ အဆင်ပြေနေပြီလား ''
''အေ အရင်ကထက်တော့တိုးတက်လာတာပေါ့ မြေ့လေးက လွဲတာအပြင် စွာလည်းစွာသေးတာပဲ တစ်ခွန်းမှအမှားမခံဘူး အဟွန်း ''
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞