💞Eposide 6💞Zawgyicode

30 1 0
                                    

''ကံယာကံ၊ဝစီကံ၊မနောကံ ကံသုံးပါးနဲ့ '' ခွင့်လွှတ်ပေးပါ မားနဲ့ပါး''

''မားသမီး လေးကလိမ္မာပြီးသားပါ မလိမ္မာတာတွေရှိရင်လည်း မားတို့ကခွင့်လွှတ်ပြီးသား နောင်လည်း အမြဲလိမ္မာအောင်နေရမယ်နော် မားသမီးလေး ကျန်းမာပါစေ ချမ်းသာပါစေ လိုအင်ဆန္ဒတွေပြည့်ပါဝပါစေကွယ် ''

''မားပေးတဲ့ဆုနဲ့ပြည့်ပါစေ ဟီး ပါးကရောဆုမပေးတော့ဘူးလားလို့ ''

''ပါးကဆုသိပ်မပေးတတ်ပါဘူးကွယ် မိဘအပေါ်သိတတ်လိမ္မာတဲ့ သမီးလေးဖြစ်ပါစေနော် ကျန်တာကတော့မားပေးတဲ့ဆုအတိုင်းပဲ..ပြီးတော့ အမြဲတလွဲလုပ်တတ်တဲ့အကျင့်လေးပျောက်ပါစေ ပါးသမီးလေး ''

''အာ ပါးကလည်း မြေ့သိပ်မလွဲတော့ပါဘူး နော့မား ''

''ဟုတ်ပရှင် ဟုတ်ပ လာပါအုံးမားဆီကို ''

မြေ့မားဆီတိုးသွားလိုက်တော့ မြေ့ပါးကိုနမ်းလေသည်။ ဒီနေ့က သတင်းကျွတ်လပြည့်နေမို့ မားနဲ့ပါးကို ကန်တော့နေတာဖြစ်သည်။

''အန်တီလေးရေ အန်တီလေး ''

''မိုး ရောက်ရင်ဝင်လာလေ ဘာလို့ဇွတ်အော်နေတာလဲ ''

''သမီးမိုး ဝင်လာခဲ့လေ ဒီမှာ သမီးသူငယ်ချင်းက အန်တီတို့ကို ကန်တော့နေတာ ''

''သြော် အဲတာ မြေ့အန်တီလေးတို့အပေါ် အပြစ်တွေ အများကြီးလုပ်ထားလို့ ပြန်ကန်တော့နေတာ ''

''မိုးစုတ်... အိမ်လာပြီး ဖဲ့နေတာ ကဲပြော ဘာလာလုပ်တာလဲ ''

''သြော် ငါဘုရားသွားပြီး မုန့်သွားစားမလို့လာခေါ်တာ ဒကာခံမယ့်သူရှိတယ်နော် ''

''ဟင် ဟုတ်လား ''

''အင်း ''

'' ဟီး မား မြေ့အဲဆို ခဏလိုက်သွားလိုက်မယ်နော် ''

''အရမ်းညမနက်စေနဲ့နော် စောစောပြန်လာခဲ့ ''

''ဟုတ်ကဲ့ပါမားရဲ့ မြေ့စောစောပြန်လာခဲ့ပါ့မယ် ''

''မိုး ငါ့ကိုခဏစောင့်နော် ဘုရားသွားမှာဆိုတော့ ငါအဝတ်သွားပြန် လဲလိုက်ဦးမယ် ''

''အေအေ သွား ငါစောင့်နေမယ် ''

မြေ့ပြန်ဆင်းလာတော့ မိုးကမားနဲ့ စကားပြောနေလျက်

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Tempat cerita menjadi hidup. Temukan sekarang