''မြေ့ ဒီတစ်ပါတ်ပိတ်ရက်ကျရင် အိမ်မှာအလှူရှိတယ် နင်လာခဲ့ဦးနော် မုန့်ဟင်းခါးချက်မှာ ''''လာရမှာပေါ့ မြေ့တို့ကအစားဆိုရင်အလွတ်မခံဘူးလေ ''
''အစားပုတ်မကြီး ''
''ဘာဖြစ်လဲ ''
''.....''
''မြေ့ နင့်ကို ဟိုအကိုကောင်းထက်ကျော်က ဒီဘက်ကိုကြည့်နေတယ် ဟိုမှာ ''
'' ဟင်....''
မြေ့ကပြတင်းပေါက်ကို ကျောပေးပြီး မိုးနဲ့မျက်နှာချင်းဆိုင်စကားပြောနေရာက မြေ့လှည့်ကြည့်လိုက်တော့ ဘယ်ဘက်ကသွားတက်ကလေးပင်ပေါ်အောင် ရယ်ပြနေသော သူကြောင့်
မြေ့ပြန်ရယ်ပြလိုက်မိသည်။''မြေ့ နင့်ကိုရီပြနေတာလား ''
''ဟုတ်တယ်ထင်တာပဲ မနေ့ကငါ့တို့လမ်းထိပ်ကိုရောက်လာပြီး စကားလာပြောတာလေ ငါ့ကိုခင်ချင်တယ်တဲ့ ''
''ဟင် အဲတော့ နင်ဘာပြောလိုက်လဲ ''
''ငါကဘာပြောရမှာလဲ တကယ်ခင်ချင်တယ်ဆိုရင် ခင်လို့ရတယ်လို့ပြောလိုက်တာပေါ့ ''
''ဟင်အဲလိုလား အကိုရဲရင့်ပြောတာလေ အဲကိုကောင်းထက်ကျော်ကလေ စကားအများကြီးမပြောဘူးတဲ့ ပြီးတော့မိန်းကလေးတွေနဲ့လည်းကင်းကင်းရှင်းရှင်းနေတာတဲ့ နင့်ကိုကျတော့သူကအရင်ခင်ချင်တယ် လာပြောတာပဲ ထူးတော့ထူးဆန်းတယ် ''
''ဟင်ဟုတ်လား ငါ့ကိုကျတော့ သူကြီးပဲပြောနေတာ ''
မြေ့အတွေးများနေတုန်း ဆရာမဝင်လာသောကြောင့် စာဆက်သင်ရင်း စာထဲသို့အာရုံစိုက်လိုက်မိသည်။
💛💛💛💛💛💛💛💛💛💛
အလှူပွဲနေ့ မားနဲ့ပါး ကိုပြောခဲ့ပြီး စက်ဘီးဖြင့်ထွက်လာခဲ့သည်။ မိုးတို့အိမ်ရောက်တော့ မိုးကခြံရှေ့တွင်စောင့်နေလျက်
''အမယ် ဒီလိုကျတော့ ငါသူငယ်ချင်းလေးက ပိုပြီးချစ်ဖို့ကောင်းနေရော"
''ငါ့ကိုမြောက်မနေပါနဲ့ နင်ပြောလည်း ငါအများကြီးစားမှာ ''
''သိပါတယ် အစားပုတ်မရဲ့ လာအထဲဝင်ရအောင် ''
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞