💞 Eposide.11 💞 Unicode

793 24 0
                                    

၃နှစ်ကြာပြီးနောက်.....

''မြေ့ ငါတို့ ၁၀တန်းအောင်ပြီး အားနေကြတာ ဘာတက်ကြရင် ကောင်းမလဲ ''

''အေးနော် ၁၀တန်းပြီးသွားတော့လည်း အိမ်မှာကြီး နေနေရတာပျင်းစရာကြီး ငါတို့ English Speaking သင်ရင်ကောင်းမလား ဒါမှမဟုတ် Computer သင်ရင်ကောင်းမလား ''

''ငါလည်း အဲတာရွေးရခက်နေတာ ''

''ဒါဆိုငါတို့ Speaking အရင်တက်ကြတာပေါ့ နောက်တော့မှ Computer ထပ်သင်ကြမယ်လေ ''

''အေ ကောင်းသားပဲ ''

''မနက်ဖြန် သင်တန်းသွားအပ်ကြရအောင် ''

''အေ ဒါနဲ့ နင်နဲ့ ကိုရဲရင့်အဆင်ပြေရဲ့လား ''

''ပြေပါတယ် သူကအမြဲ အလျော့ပေးနေကြကို မပြေစရာလား ဘာလို့မေးတာလဲ ''

''ဟို...ငါ ကိုရဲရင့် အကိုနဲ့ များ အဆက်အသွယ်ရလားလို့ပါ သိချင်လို့ ''

''နင် ကိုကောင်းထက်ကိုမမေ့သေးဘူးလား''

''မေ့စရာလား ငါကဘာလို့မေ့ရမှာလဲ ငါ့ရဲ့အချစ်ဦးကို အချိန်ကြာလာလေ ပိုသေချာလာလေ ပိုချစ်လာလေပဲ အဲဒါတွေ နင်ကသိပါ့မလား နင့်မှာကအနီးကပ်ကြီးချစ်နေရတာကို ''

''အေးပါ မေးမိတဲ့ငါကိုက မှားတာပါ ငါလည်း မေးကြည့်ပါသေးတယ် ကို က သူလည်းအဆက်အသွယ် မရဘူးတဲ့ ''

''သြော်.....''

''နင်ကလည်းဟာ စိတ်ဓာတ်မကျပါနဲ့ သူနင့်ဆီကို ရောက်အောင် ပြန်လာခဲ့မယ်လို့ ပြောတယ်မလား ''

''စိတ်ဓာတ်မကျပါဘူး ငါအကို့ကိုယုံတယ် တစ်နေ့ငါ့ဆီကိုရောက်အောင်လာခဲ့မယ်လို့ ''

''အေးပါ မြန်မြန်ပြန်ဆုံပါစေနော် ငါ့သူငယ်ချင်းလေး အချစ်ရေးမြန်မြန်ကံကောင်းလာပါစေဟာ ''

''ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...''

ကိုကောင်းထက်ပြောင်းသွားပြီး မကြာသေးခင်မှာပဲ ကိုကောင်းထက်ရဲ့ အဖေကလည်း အဲမြို့ကို ပြောင်းသွားတာကြောင့် ကိုကောင်းထက်နဲ့လုံးဝအဆက်အသွယ်ပြတ်သွားတာဖြစ်သည်။ဒါပေမယ့် သူငယ်ချင်း ဖြစ်သူကတော့ အခုချိန်ထိမမေ့ပေ မိုးကို တွေ့တိုင်း ကို့ ကို ကိုကောင်းထက်နဲ့ အဆက်အသွယ်ရလားပဲ အမြဲမေးနေတတ်တာဖြစ်သည်။အဆက်အသွယ် မရဘူးပြောလဲ ဘာမှမဖြစ်ပေ အမြဲပျော်ပျော်သာနေတတ်သည်။
တော်သေးတာပေါ့ တခြားသူတွေလို တမှိုင်မှိုင်မဖြစ်နေလို့ ကျောင်းတက်နေတုန်းလဲ အရင်လို အဆော့တော့မမက်တော့ပေမယ့် အစားကတော့မက်နေတုန်းပါ။

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Tempat cerita menjadi hidup. Temukan sekarang