''လက်တွေနာနေပြီ ဘယ်ချိန်မှပြီးမှာလဲမသိဘူး ''
ဆရာမက နောက်ဆုံးအချိန် ဟောခန်းရှေ့ မြက်နုတ် ခိုင်းထားတာဖြစ်သည်။
'' ဆရာမက မြက်ပဲ့နုတ်ခိုင်းနေတာပဲ ကစားချင်တာကို ''
''နင်လေ ဒီအရွယ်ရောက်နေပြီ အခုထိ ကလေးတွေနဲ့ဆော့လို့ကောင်းတုန်း ''
''မဆော့လို့ဘာလုပ်ရမှာလဲ အတန်းထဲထိုင်နေရတာ ပျင်းစရာကြီးကို ''
''........''
''ဟဲ့ ဟိုမှာ ကိုကောင်းထက်ကျော်မလား
အပင်အောက်မှာ ''မြေ့ လှမ်းကြည့်လိုက်တော့
''အေ ဟုတ်တယ်ထင်တယ် ''
''ဘာလုပ်နေတာလဲ သိဘူးနော် ''
''ဘယ်သိမလဲ သွားမေးကြည့်လေ ''
''မမေးပါဘူး ''
''လာ မြက်တွေနုတ်ထားတာ များနေပြီ
သွားပစ်ရအောင် ''''အေအေ ''
''အားး ''
မြေ့ မြက်တွေ အများကြီးသယ်ပြီး ထွက်လာတော့ အောက်ကိုမမြင်ရဘဲ ထမိန်စကိုနင်းမိကာ လဲသွားရခြင်းပင်
'' ဟယ် မြေ့ရရဲ့လား ''
မိုးက အပြေး လာထူတော့ ထရပ်လိုက်ပြီး ဘေးဘီကိုဝဲ ကြည့်လိုက်တော့ ဘယ်သူမှကြည့်မနေ
သူတို့ဘာသာ စကားပြောနေကြတာဖြစ်သည်။'' ရရဲ့လား ဘာဖြစ်သွားသေးလဲ ''
''ဟင်...''
ဘေးဘီလှည့်ကြည့်နေတုန်း အရှေ့က အသံသြရှရှနဲ့ လာမေးနေတဲ့သူကြောင့် မြေ့ ကြောင်နေမိသည်။
''ဟိတ် ကိုယ်မေးတာကြားရဲ့လား
ဘာဖြစ်သွားသေးလဲလို့ တံတောင်ဆစ်ပြဲသွားတာလား ''💚💚💚
ကောင်း အားလပ်ချိန်မို့ မြေ့လေးတို့တခန်းလုံး
ဟောခန်းဘက်သွားတာ တွေ့လိုက်တာကြောင့်
ရဲရင့်နဲ့ ခဏလေးလာကြည့်တာဖြစ်သည်။
ရရင့်က သန့်စင်ခန်းသွားဦးမည်ဆို၍ ကောင်းတစ်ယောက်တည်းခရေပင်အောက်ကနေပြီးသူငယ်ချင်းနဲ့စကားလေးတပြောပြောမြက်တွေနုတ်နေတဲ့ မြေ့လေးလေးကို ကြည့်နေမိတာပင်။ ကြည့်နေတုန်းမှာပဲ မြက်ပင်တွေ အများကြီးမကာ ထလာတာကြောင့် စိတ်ပူနေကာမှ မှောက်လျက်လဲသွားတာမို့ ကိုယ်တိုင်ပင်မသိလိုက်ဘဲ မြေ့လေးအနားရောက်လာမိတာဖြစ်သည်။
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞