⏰⏰⏰
တီတီတီ..
''ဝါး..''
မြေ့...အိပ်ချင်မူးတူးဖြင့်နှိုးစက်လှမ်းပိတ်ရင်းရေချိုးခန်းထဲသို့လာဝင်လိုက်တယ်။မြေ့ရဲ့နာမည်ကချမ်းမြေ့မိုးပါ။မြေ့ကတရုတ်၊မြန်မာကပြားမလေးမို့အသားအရေကဝါဝါလေးနဲ့ဖြူတယ်လို့ပြောကြတယ်။ဒီနေ့ကတော့မြေ့၇တန်းတက်ရမယ်ပထမဆုံးနေ့ပေါ့လေ။
နွေရာသီကျောင်းပိတ်တာ..၃လတောင်ကြာပြီဆိုတော့ ကျောင်းပြန်တက်ရမှာမို့..ပျော်နေမိတယ်။
အဲဒါကြောင့်မနက်ခြောက်နာရီခွဲနိုးစက်ပေးထားတာလေ။မိုးကိုပထမဆုံးနေ့မို့ခုံတန်းဦးထားဖို့ပြောထားတာ ကျောင်းရောရောက်ပြီလားမသိဘူး။မြေ့တွေးနေရာကနေ သတိဝင်လာတော့မှ သနပ်ခါးလိမ်းပီး ပါးကွက်ကိုထူထူလေးဘယ်ညာကွက်လိုက်ကာ ကျောင်းဝတ်စုံလဲပြီး ဂုတ်ဝဲဆံပင်လေးတွေကိုဘီးနဲ့သေချာလေးဖီးပြီးလှေကားထစ်တွေကနေအမြန်ပြေးဆင်းလာတော့
''သြော် သမီးရယ် ဖြေးဖြေးဆင်းမှပေါ့ ''
မားကစိုးရိမ်ပြီးပြောတော့သွားလေးစိကာရီပြလိုက်မိသည်။
''ဟီး မားကလည်း မြေ့ဆင်းနေကြပါနော် ''
''အဲဒီလို ဆင်းနေကြမို့လို့လည်းမားကစိတ်ပူလို့ပြောနေရတာပေါ့ မတော်လို့ခြေချော်ပြီးတော့ပြုတ်ကျရင် ဘယ့်နှယ့်လုပ်မလဲ''
ပါးကိုကြည့်လိုက်တော့ထမင်းစားစားပွဲရဲ့ထိပ်မှာထိုင်နေကာ မနိုင်ဘူးဆိုတဲ့သဘောနဲ့ခေါင်းခါ
ပြီးသတင်းစာဆက်ဖတ်နေတာကြောင့်မြေ့ဇက်ကလေးပုရင်းခုံမှာဝင်ထိုင်၏။စားပွဲပေါ်က မြေ့အကြိုက်ခေါက်ဆွဲသုပ်လေးကိုတွေ့တော့မှ မျက်လုံးလေးတွေကအရောင်လက်လာတော့တယ်။ မားဘက်ကြည့်လိုက်တော့ စားဆိုတဲ့သဘောနဲ့ခေါင်းလှုပ်ပြလိုက်တာမို့ ခေါက်ဆွဲတစ်ပန်ကန်လုံးအဝစားလိုက်တော့သည်။
မနက်စာစားပြီး ကျောင်းသွားဖို့စက်ဘီးထုတ်နေစဥ်
''သမီး စက်ဘီးကိုဖြေးဖြေးစီးနော် ကျောင်းမှာလဲအရမ်းမဆော့နဲ့ ကြားလား''
YOU ARE READING
ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)
Romanceမင်းလေးကတစ်နေ့ကိုယ့်အပိုင်နော် ကိုယ်ဘယ်ပဲရောက်နေခဲ့ ရောက်နေခဲ့ မင်းလေးဆီ ကိုယ်ရောက်အောင်ပြန်လာခဲ့မှာ ကိုယ့်ရဲ့ နှလုံးသားနဲ့ရင်ခုန်သံက မင်းလေးဖြစ်နေတာကြောင့်ပဲ ...💞