💞 Eposide.2💞 Unicode

1K 19 0
                                    

ကောင်း ထိုကလေးမတို့ဘက်ကို ကြည့်နေမိစဥ်

''ကောင်း ဘာတွေကြည့်နေတာတုန်းကွ ''

''ဟိုမှာ ကြည့်နေတာ ''

ရဲရင့်ကောင်းကြည့်နေတဲ့ဘက်ကို ကြည့်လိုက်တော့ ပြတင်းပေါက်ဘေးမှာ ကလေးမ ၂ယောက် စကားပြောနေကြတာကိုတွေ့ရသည်။ တစ်ယောက်ကကုတ်ခေါင်းလေးနဲ့ ချစ်စရာလေး နောက်တစ်ယောက်က ဆံပင်လည်ပင်းကျော်ကျော်လေးနဲ့ယဥ်ပြီးတော့လှတယ်။ ဒါပေမယ့်
ဒီကောင် ဘယ်ကောင်မလေးကို ကြည့်နေတာပါလိမ့် အတန်းထဲကကောင်မလေးတွေကိုတောင်မကြည့်တဲ့ကောင်က

''ဘယ်သူတွေလဲ မင်းသိလို့လား ''

''မသိဘူး ဒါမယ့် ကုတ်ခေါင်းလေးနဲ့တစ်ယောက်က မနက်ကငါ့ကိုဝင်တိုက်သွားတဲ့တစ်ယောက် ''

''သြော် မင်းပြောတဲ့ချစ်စရာကလေးမလေး ဆိုတာလား''

ကောင်းခေါင်းငြိမ့်ပြလိုက်သည်။

ရဲရင့်ကောင်းကိုကြည့်တော့ ပြုံးပြီးကြည့်နေတာကြောင့် အကြံတစ်ခုရပြီး

''ကောင်း နေ့လည် အဲအဆောင်ကိုသွားရအောင်ကွာ ''

ကောင်းခဏစဥ်းစားလိုက်ပြီး ခေါင်းငြိမ််ပြလိုက်သည်

💟💟💟💟💟

🔔🔔🔔
အားလပ်ချိန်ခေါင်းလောင်းထိုးတာနဲ့ ကောင်းနဲ့ရဲရင့် အဲဘက်အဆောင်ဆီကိုထွက်လာခဲ့လိုက်ကြသည်။ ကောင်းမလေးတွေ ကောင်းကိုလှည့်ကြည့်နေကြသေးသည်။ ကောင်းက ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ပုံဖြင့် သူ့လမ်းကိုသူဆက်လျှောက်နေလေသည်။

ကောင်းတို့ ထိုကလေးမအခန်းရှေ့ရောက်လျှင်
ရဲရင့်ကကောင်းလေးတစ်ယောက်ကို ဘာတွေမေးနေတယ်မသိ။ ကောင်းအခန်းထဲ ကြည့်လိုက်တော့ထိုကလေးမလေးနဲ့သူ့သူငယ်ချင်းကမရှိပေ။

''ကောင်း သွားရအောင် ''

'' အင်း သွားမယ်လေ မင်းဘာတွေမေးနေတာလဲ ''

''သြော် မင်းကြည့်နေတဲ့ကောင်မလေးနာမည်
သွားမေးတာလေ ဘယ်လိုလဲ မသိချင်ဘူးလား ''

ရဲရင့်စကားကြောင့်

''ပြောမှာသာ ပြောပါကွာ ''

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Tempat cerita menjadi hidup. Temukan sekarang