💞 Eposide.9 💞 Unicode

692 20 0
                                    

🎼 စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ...🎼

ကြားလိုက်ရတဲ့ သီချင်းသံသဲ့သဲ့ ကြောင့် စောင်ကို အမြန်ဖယ်ကာ ရေချိုးခန်းထဲအမြန်ပြေးဝင်ရသည်။

''အီးး အေးလိုက်တာကို ကျောင်းကဘာလို့လမ်းလျှောက်ဖို့ခေါ်တာလဲမသိဘူး ''

မြေ့စောစောထနေရခြင်းအကြောင်းကတော့ ကျောင်းက လမ်းလျှောက်ခေါ်ထားတာကြောင့်မို့ပင် ဒီဇင်ဘာဆိုရင်ကျောင်း၌လမ်းလျှောက်ပွဲရှိပေသည်။မြေ့မလိုက်ချင်ပေမယ့် ကျောင်းအားကစားလှုပ်ရှားမှု စာရင်ထဲထည့်မည် ဆို၍လိုက်ရခြင်းပင်။မြေ့အမြန်ပင် ကိုယ်လက်သန့်စင်ကာ Hoodie ခေါင်းစွပ် ဆိုဒ်ပွတစ်ထည်ဝတ်ကာ အိမ်ရှေ့ထွက်လာလိုက်သည်။

မိုးကအိမ်ရှေ့ရောက်လျှင် အော်လိုက်မည်
ဆိုတာကြောင့် အိမ်ရှေ့ကခုံပေါ်တွင် လက်ကလေးပိုက်ကာ ထိုင်စောင့်နေလိုက်သည်။
မားတို့ကိုတော့ ညထဲကပြောထားပြီးဖြစ်သောကြောင့် သွားမနိုးတော့ပေ။

''မြေ့ လာငါရောက်ပြီ သွားမယ် ''

''အေ..''

''မိုးရာ အေးလိုက်တာ ငါထတောင်မထချင်ဘူး ကြည့်ဦး ငါသွားတွေတောင်တုန်နေပြီ ''

''မြေ့ရယ်... နင့်ဟာကလည်း အေးတာလည်းကြိုက်တယ် အအေးကလည်းမခံနိုင်ပြန်ဘူး လာ ပြေးပြီးသွားရအောင် နွေးအောင်လို့ ကျောင်းမှာလူတွေစုနေလောက်ပြီ ''

မြေ့နဲ့ မိုးကျောင်းကိုရောက်တော့ ကျောင်းသားတွေတန်းစီနေကြပြီဖြစ်တာကြောင့် အနောက်ဆုံးက လွတ်နေတဲ့နေရာတွင်သာ သွားရပ်လိုက်သည်။

''ဟိတ် ''

''ဟင် အကို ဘယ်လိုလုပ် ဒီနားရောက်နေရတာလဲ အခုမှရောက်လို့လား ''

''မဟုတ်ပါဘူး ကိုယ်ရောက်နေတာကြာပြီ မြေ့လေးတို့ကိုရှာနေတာ အခုမှဝင်လာတာတွေ့လိုက်လို့ ''

''သြော် ဟုတ် အရှေ့မှာသွားမရပ်ဘူးလား ''

''အရှေ့မှာကိုယ်က ဘာသွားလုပ်ရမှာလဲ မြေ့လေးကဒီမှာရှိနေတာကို ''

''ဟမ် ဟို အေးလိုက်တာနော် ''

''မြေ့လေး အေးနေသေးတာလား ''

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Onde histórias criam vida. Descubra agora