💞 Eposide.12 💞 Unicode

900 22 0
                                    

ဆိုင်ကယ်ရပ်လိုက်တာနဲ့ ပြေးဖို့လုပ်နေသည့် မြေ့လေးလက်ကို အတင်းဆွဲကာ ဆိုင်ထဲသို့ခေါ်လာခဲ့လိုက်သည်။အခုထိကောင်းနဲ့ စကားပြောဖို့ငြင်းနေတာကြောင့် မြေ့လေးရဲ့ ပုခုံးနှစ်ဖက်ကို ဖိချကာ ခုံပေါ် ထိုင်စေလိုက်သည်။

''မြေ့လေး.. ''

''....''

''မြေ့လေး... ''

ကောင်းခေါ်နေပေမယ့် လုံးဝလှည့်ကြည့်မလာပါသောချစ်ရသူလေးကိုကြည့်ကာ ကောင်းပြုံးလိုက်မိသည်။

''ဘာများ သုံးဆောင်ပါမလဲရှင် ''

''စတော်ဘယ်ရီ နှစ်ခွက်ပေးပါ ''

''မြေ့လေး ကိုယ့်ကို ကြည့်ပါဦးကွာ ''

''ကိုယ့်ကို တကယ်ပဲ စိမ်းကားနိုင်သွားတာလား တကယ်တော့ အဲနေ့က မြေ့လေးတွေ့လိုက်တဲ့ တစ်ယောက်က ကိုယ့်ဦးလေးရဲ့သမီး ကိုယ့်ရဲ့ ဝမ်းကွဲအမပါ ပြီးတော့ အမလည်း ကိုယ်မြေ့လေးကို ချစ်နေတဲ့အကြောင်းသိတယ် ''

''ဟင်....''

''ကိုယ်တကယ် ပြောတာပါ မြေ့လေးမယုံရင် ကိုယ့်အမကို ဖုန်းဆက်လို့ရတယ် သူက ခဏလိုက်လည်ချင်တယ်ဆိုလို့ မနေ့ကခဏလိုက်ပို့ပေးမိတာပါ ပြီးတာနဲ့ခဏလေးပဲနေပြီးပြန်သွားတာ ကံမကောင်းတာက တိုက်တိုက်ဆိုင်ဆိုင် မြေ့လေးနဲ့တွေ့သွားတာပဲ ''

''ဟို...''

''မြေ့လေး ကိုယ့်ကိုယုံပြီမလားဟင်...''

''..........''

''ဒါနဲ့ ရဲရင့်ပြောတာ မြေ့လေးငိုထားတယ်လို့ပြောတယ် ဘာလို့သေချာမသိဘဲငိုရတာလဲကွာ မြေ့လေးမျက်ရည်ကျတာ ကိုယ့်ရင်ဘတ်ထဲက နာကျင်ရတယ်ဆိုတာသိရဲ့လား ကိုယ့်ကြောင့်ဆိုရင်ပိုတောင်ဆိုးသေးတယ် ''

ဟင် ငါငိုတာကို ကိုရဲရင့်ကနေသိတာဆိုတော့ မိုးပြောလိုက်တာထင်တယ်...

''ဟို... မြေ့ ....သင်တန်းတက်တော့မယ်ထင်တယ် သွားလိုက်ဦးမယ်နော် နောက်မှပြန်တွေ့မယ် နော် ''

''မြေ့လေး ဖြေးဖြေးသွားဦး ''

''အဟွန်း ချစ်ဖို့ကောင်းလိုက်တာ ကိုယ်က မြေ့လေးနဲ့ပြန်တွေ့ရင် အဖြေတောင်းမလို့စဥ်းစားထားတာ ခုလိုလွဲကုန်တော့ နောက်တွေ့ရင်တော့မရတော့ဘူးနော် ကြိုပြင်ဆင်ထားတော့မြေ့လေးရေ ''

 ကျောင်းတော်ကြီးရဲ့အချစ်ပုံပြင်💖(Completed)Where stories live. Discover now